Vivegam (2017)

Vivegam (2017)
သမ္မာသတိ

https://www.facebook.com/100034628499425/videos/153258495838433/


မင်းသား အာဂျစ်ကူးမား နဲ့ ကာဂျယ်တို့ရဲ့ ဇာတ်ကားကောင်းလေးပါ... သူ့ဘာသာ အေးဆေး စားသောက်ဆိုင်ဖွင့်ပြီးနေတဲ့ AK တို့ မိသားစုကို ဟက်ကာအဖွဲ့က နှောက်ယှက်ခံခဲ့ရပြီး ရုရှား မာဖီးယား တွေ နဲ့ ဘယ်လို ပတ်သက်နေလဲ ဆိုတာကို ကြည့်ုလိုက်ကြပါဦး...

ကျွန်တော်တင်သော ရုပ်ရှင်များကို တစုတစည်းတည်း ကြည့်ချင်ရင်တော့ ဂရုကို Join နိုင်ပါတယ်..
https://www.facebook.com/groups/bwloversmyanmar/ (ဘောလီးဝုဒ်ချစ်သူများ ဆိုပြီး ရှိပါတယ်...)

Credit : ငါရယ် နင်ရယ် မန်ယူရယ်
Credit : fofmyanmar

အညွှန်း
>>>>>>

အိန္ဒိယကားတွေမှာ ဘာတွေကို ကြိုက်ကြလဲ? ရသပေါ်တဲ့ သရုပ်ဆောင်မှု၊ ဇာတ်လမ်းဇာတ်အိမ် ကောင်းမှုနဲ့ စီစဉ်တင်ပြပုံတွေပဲ ကြိုက်ကြတာပဲလေ။

ဒီလိုကားတွေမှာ ဆိုရင်... ခေတ်မီဆန်းသစ်တဲ့ နည်းပညာ၊ စက်ပစ္စည်း၊ ယာဉ်တွေနဲ့ တည်နေရာတွေရဲ့ အားကောင်းမှုတွေပဲမလား။

ဒီကားလေးမှာ... အဲ့ဒါတွေ အားလုံး ရနိုင်တယ်ဗျ။ ကြည့်နေကျ ဟိုက်ဒရာဘတ်နဲ့ မွန်ဘိုင်းကို လမ်းတွေတောင် မှတ်မိနေလောက်ပြီ။

ကဲ.. ခု ကားလေးမှာတော့ ဥရောပကို တွေ့ရမယ်ဗျာ။ အထူးအေးဂျင့်အဖွဲ့မှာ AK နဲ့ အာရန် သူငယ်ချင်း နှစ်ယောက်ရှိတယ်။ တနေ့မှာတော့ ငလျင်တွေ ဖန်တီးနိုင်တဲ့ လက်နက်တွေ ဖောက်ခွဲတဲ့ hacker မလေးကို လိုက်ဖမ်းရင်း AKမှာ လုပ်ကြံခံလိုက်ရတယ်။ သေရွာပြန်AKက ဘယ်လို လက်စားချေမလဲ? ဘာကြောင့် လုပ်ကြံရတာလဲ? ငလျင်ကိုကော.. စီးပွားရေးသမားတွေက ဘယ်လိုအသုံးချနိုင်ကြသလဲ? ဒါတွေ အားလုံးမြင်တွေ့ရမယ်ဗျာ။ ရသမြောက်တဲ့ သနားစရာမြင်ကွင်းတွေကတော့ AK နဲ့ AK ဇနီးပါပဲ။ AK ရဲ့ ဇနီးမှာ ကိုယ်ဝန်ကြီးနဲ့ ခင်ပွန်းနဲ့ကွဲကွာနေတဲ့ ဒုက္ခ၊ ပြန်တွေ့တော့ ခင်ပွန်းနဲ့အတူ ပြေးလွှားရ။ AK ကို အကြမ်းဖက်သမားအဖြစ် ကြေညာလိုက်တော့ လက်စားချေမဲ့ကိစ္စ အခွင့်မသာတော့တဲ့ ကြားက လက်စားပြန်ချေပုံ၊ အိန္ဒိယနိုင်ငံ နယူးဒေလီကို ပစ်မှတ်ထားတဲ့ လက်နက်ပေါက်ကွဲမှုကို တားဆီးနိုင်မလား? အလျှော့ပေးရမလား ဆိုတာ Gameဆန်ဆန် ကြည့်ကြတော့ဗျာ

Credit : ကိုမြင့်သူ(ဌက်ကလေး)

#kohtutbollywoodmovies #vivegam2017 #requestmovies #linksharemovies#thanatosmovies







Comments

Popular Posts