Angel (2017)

Angel (2017)
နတ်သမီး
(OM 2)

https://www.facebook.com/khwee.htut.73/videos/115248376370846/

နတ်သမီးလေးက ကောင်းကင်ဘုံမှာ မပျော်လို့ လူ့ပြည်ကို ဆင်းသက်ပြီး လူတွေလို နေထိုင်ချင်တာလေးကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတာပါ...

အဲလို နတ်သမီးလေးရဲ့ စိတ်ကူးက သူ့မိဘတွေ က သဘောမတူပါဘူး... ဒါပေမယ့် ဇွတ်အတင်းကို ပူဆာတော့ "နတ်သမီးလေးအပေါ် တကယ် မေတ္တာသက်ဝင်သူနဲ့မှ ရုပ်ထုအဖြစ်ကနေ သက်ဝင်လာပါစေ" ဆိုတဲ့ သစ္စာတခုကို တိုင်တည်ပြီး ရုပ်တုအဖြစ်နဲ့ လွှတ်ပေးလိုက်ရပါတယ်...

အဲဒီမှာပဲ မင်းသားက ရှေးဟောင်းရုပ်ထုတွေကို မှောင်ခိုပို့ဆောင်သူပါ... ကဲ... အဲမှာ မင်းသား နဲ့ မင်းသမီး ဘယ်လိုတွေ တွေ့ပြီး ထုံးစံအတိုင်း ညားမလဲဆိုတာကိုတော့ ဇာတ် အချစ်၊ အလွမ်း၊ အက်ရှင် ရသစုံစွာနဲ့ ကြည့်လိုက်ပါဦး... အော်.. မေ့လို့ ပိုစတာထဲက အကောင်က ဂဠုန်ပါ နတ်သမီးကို ပြန်လာခေါ်ဖို့ သူ့မိဘတွေ လွှတ်လိုက်တဲ့ အကောင်ပါ...

ဒီကားကို အချိန်ပေးပြီး မကြည့်ဖို့တောင် နိုင်ငံခြား ရုပ်ရှင် အညွန်းတွေမှာ ရေးကြပါတယ်... ကျွန်တော်ကတော့ ရှင်းပါတယ် ကိုယ်ကြိုက်ရင် ကောင်းတာပါပဲ... မကောင်းဘူးသာ ပြောတာ IMDb Rate 5.1/10 ရတယ် ဆိုတော့ မဆိုးပါဘူးလို့...

လေးစားစွာဖြင့်
ကိုထွဋ်

အဲလို စိတ်ဝင်စားစရာ ရုပ်ရှင်တွေ ကြည့်ချင်ရင်
ဂရုကို Join နိုင်ပါတယ်..
https://www.facebook.com/groups/bwloversmyanmar/ (ဘောလီးဝုဒ်ချစ်သူများ ဆိုပြီး ရှိပါတယ်...)

#kohtutbollywoodmovies #angel2017





Comments

Popular Posts