Vamsi Warrior (2000)

Vamsi Warrior (2000)
ရဲရင့်သော ဗန်စီ

https://www.facebook.com/100036292657887/videos/113721716514250/


ဝန်ကြီးချုပ်မင်းသား လို့ နာမည်မကြီးခင် လွန်ခဲ့သော ၁၉ နှစ်လောက် က ရုပ်ရှင်ပါ...

အပြင်မှာ နာမည်ကြီးတာကတော့ မိဘနှစ်ပါးကို သတ်သွားတဲ့သူတွေကို ကိုယ်တိုင် လိုက် ဂလဲ့စားချေတဲ့ ဖက်ရှင် ဒီဇိုင်နာကားပါ...

ကျွန်တော်လဲ မကြည့်ရသေးပါဘူး... တောင်းဆိုထားတဲ့ သူတွေ အတွက်ပါ...

ဇာတ်လမ်းအကျဉ်း
----------------------

အလားအလာရှိပြီး အောင်မြင်နေတဲ့ ဗန်စီတယောက် သြစတေးလျကို ဖက်ရှင်ပြိုင်ပွဲ သွားပြိုင်ရင်း စက်မှုလုပ်ငန်းရှင် တယောက်ရဲ့ သမီး နဲ့ ချစ်ကြိုးသွယ်ခဲ့ကြပါတယ်...

ကိုယ့်တိုင်းပြည်ပြန်ပြီးရင် လက်ထပ်မယ်လို့ ဆုံးဖြတ်ပြီးကာမှ ဂွန်းလို့ခေါ်တဲ့ အာဂျွန်က မင်းသမီးကို ပြန်ပေးဆွဲသွားပါတယ်...

အစက အမြင်သိပ်မကြည်တဲ့ ယောက္ခထီးလဲ သမီးလေးကို ကယ်ပေးဖို့ ဘန်စီကို အကူအညီတောင်းခဲ့ပါတယ်...

ဗန်စီကလဲ သူနဲ့ လက်ထပ်ဖို့ သဘောတူရင် ကူညီဖို့ သဘောတူလိုက်ပါတယ်...

နောက်ပိုင်းတွေကတော့ နည်းနည်းရှုပ်တယ်လို့ အညွန်းတွေမှာ ရေးထားပါတယ်... အဲဒီရှုပ်တာတွေက သူ့မိဘတွေ အသတ်ခံခဲ့ရတာ နဲ့ ဘယ်လို ဆက်စပ်မလဲ ဆိုတာကိုတော့ ကြည့်လိုက်ကြပါဦးနော်...

လေးစားစွာဖြင့်
ကိုထွဋ်

ps: ကျွန်တော် လုံးဝ မကြည့်ရသေးပါဘူး... wiki နဲ့ တခြား နိုင်ငံခြား အညွှန်းတွေကို ဘာသာပြန်ရေးပေးထားခြင်းပါ...







Comments

Popular Posts