Dynamite (2015)

Dynamite (2015)
ဒိုင်းနမိုက်

https://www.facebook.com/khwee.htut.73/videos/112645736631110/

ဒီတခေါက်တော့ သိပ်မမြင်ဖူးကြတဲ့ တယ်လ်ဂူမင်းသားချောလေး ဗစ်နူးမန်ချူး နဲ့ မိတ်ဆက်ပေးပါရစေ... ကျွန်တော် Doosukeltha (Dangerous) ကားလေး တင်ပေးဖို့ ကြိုးစားပါသေးတယ်... ဒါပေမဲ့ စာတန်းထိုးပြီးသား လုံးဝ မတွေ့လို့ပါ...


ဒီကားလေးက စလာကတည်းက ကြမ်းတာ ပွဲပြီးတဲ့ အထိပဲ... ကတာတောင် မပါဘူး ပြောရမယ်... ဇာတ်လမ်းကလဲ ကောင်းတယ် အိုင်တီပိုင်းဆိုင်ရာတွေလဲ ထည့်ထားတော့ တော်တော်ကောင်းပါတယ်...

ကောင်မလေးနဲ့ စဒိတ်တဲ့ နေ့မှာပဲ ကောင်မလေးက ပြန်ပေးဆွဲခံရတယ်... တကယ်တော့ ပြန်ပေးဆွဲတယ်ဆိုတာကလဲ သူ့အဖေက Channel 24 ဆိုပြီး မီဒီယာထောင်ထားပြီး မရိုက်ကူးသင့်တဲ့ အရေးပေါ် အစည်းအဝေးတခုကို ရိုက်ကူးရာက စတာပါ... အဲဒီ ရိုက်ကူးထားတာ သိမ်းထားတဲ့ မန်မိုရီကို လိုချင်လို့ ပြန်ပေးဆွဲရာကနေ ဘယ်သူတွေ အထိ ပါလဲ... ဘယ်သူတွေကရော ကြံရာပါတွေလဲ ဆိုတာကတော့ ဆက်လက်ရှုစားလိုက်ကြပါဦး...

အရမ်းမိုက်ပါတယ်... ဒီမင်းသား ၂ ကားကြည့်တာ ၂ ကားလုံး ပြောစရာမရှိမို့ ညွှန်းပါတယ်...

လေးစားစွာဖြင့်
ကိုထွဋ်



Comments

Popular Posts