Bhaagamathie (2018)

Bhaagamathie (2018)
ဘက်မသီ

https://www.facebook.com/khwee.htut.73/videos/115946232967727/

🚨🚨🚨သတိ ထိတ်လန့်ခြောက်ခြား၊ သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါသဖြင့် ငယ်ရွယ်သူများ၊ ကြောက်တတ်သူများ မကြည့်ပါရန် အထူးသတိပေးအပ်ပါသည်။🚨🚨🚨
🚨🚨🚨ကျွန်တော်ကတော့ ကြောက်တတ်သူလဲ ဖြစ်၊ ငယ်ရွယ်သူလဲ ဖြစ်ပါသဖြင့် မကြည့်ပါ။ တင်ရုံသာ တင်ပေးပါသည်။🚨🚨🚨


ဘက်မာသီ..

👑ဘက်မာသီ👑ဆိုတာ ကာလန်ဂီနယ်မြေမှာ ဘုရင်မပဲသူ့ဆီလာတဲ့သူတွေသူ့ကိုပုန်ကန်ဖို့လာတဲ့သူတွေကိုဘန်ဂလိုထဲမှာ ထောင်ချပြီး လပြည့်နေ့တွေရောက်ရင် နတ်ဘုရားမကို ယဇ်ပူဇော်လေ့ရှိတယ်...

သူ့ကို မကျေနပ်တဲ့သူတွေ ယုံကြည်သက်ဝင်မှုမရှိတဲ့သူတွေကသူ့ကိုရက်ရက်စက်စက် သတ်ဖြတ်ခဲ့အပြီးမှာတော့ အဲ့ဒီဘန်ဂလိုထဲမှာ တစ္ဆေအဖြစ်နဲ့ ဆက်လက်တည်ရှိနေခဲ့တယ်သူ့နာမည်ကိုကြားတာနဲ့ ကလေးအစ လူကြီးအဆုံး သေးပါထွက်ကျတဲ့အဆင့်ဖြစ်ကြတယ်…

ဘုရားဆင်းတုတော်ခိုးတဲ့ ဂိုဏ်းနဲ့ပတ်သတ်ပြီး ပြည်သူတွေက တော်တော်လေး စိုးရိမ်နေကြတယ်..ဒီလိုနဲ့ တာဝန်ရှိ လူကြီးတေါ ဝန်ကြီးတွေကိုပြောတယ်…ဘယ်သူမှ ပြန်မဖြေကြဘူး ဝန်ကြီး အိစ်ဝါပရာဆက်က ဒီနေရာမှာ တာဝန်ရှိသူဆိုပေမယ့် အသံမထွက်ခဲ့ဘူး…သူတို့ကိုယ်တိုင်ကပဲ လာဘ်ပေးလာဘ်ယူရှိလို့လား….အဲ့ဒီအချိန်မှာ ရဲစုံထောက် တစ်ယောက်ဖြစ်တဲ့ ဝန်ကြီး အိစ်ဝါပရာဆက်ကို ထောင်ချလို့ရမယ့်….သက်သေ..ဥပမာပြောရရင် လာဘ်ပေးလာဘ်ယူနဲ့ထောင်ချလို့ရအောင်…ဘယ်လိုသက်သေမျိုးရှိလဲဆိုတာကိုစုံစမ်းကြတယ်…..

ဝန်ကြီး အိစ်ဝါပရာဆက်ရဲ့ အတွင်းရေးမှူး လုပ်ခဲ့ဖူးတဲ့ ချန်ချလာဆိုတဲ့ မိန်းကလေးဟာ…အခုလက်ရှိမှာလူသတ်မှုနဲ့ ထောင်ကျနေတာ ၃ လရှိသွားပြီ…ဒီတော့ ဝန်ကြီး အိစ်ဝါပရာဆက် နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ချန်ချလာကို မေးမှဖြစ်မယ်ဆိုပြီးထောင်ထဲကနေ ဘယ်သူမှ မသိအောင် မသိမသာလေးထုတ်ပြီး…တောထဲက သရဲအလွန်ခြောက်လွန်းလို့ ဘယ်သူမှ မသွားရဲ မလာရဲတဲ့အိမ်ပျက်ကြီးထဲမှာ…ချန်ချလာကို ခေါ်မေးခဲ့တယ်…

ဒီနေရာမှာ ဝန်ကြီး အိစ်ဝါပရာဆက်ဆိုတာက ကျောင်းသားခေါင်းဆောင်ပြီး နိုင်ငံရေးထဲကို စဝင်လာခဲ့ပြီးနောက်…. ပြည်သူတွေက ယုံကြည်ပြီး လေးစားအားကျရလို့ဝန်ကြီးအဖြစ်သူ့ကိုတင်မြောက်လိုက်ကြရင်းနဲ့ ဝန်ကြီး အိစ်ဝါပရာဆက်ဆိုပြီးဖြစ်လာတယ်…

အကျင့်စာရိတ္တကို ပြည်သူတွေက လေးစားအားကျလွန်းလို့ တင်မြောက်ခဲ့တဲ့ ဝန်ကြီး အိစ်ဝါပရာဆက်အကိုက ဝန်ကြီးဆိုပြီး ထင်တိုင်းကျဲလို့ ညီဖြစ်တဲ့သူကိုတောင် နှင်ထုတ်ပစ်ခဲ့တဲ့ ဝန်ကြီး အိစ်ဝါပရာဆက်ဒီလို အကောင်းသတင်းတွေ ပြည်သူတွေရဲ့ အားထားရတဲ့ ဝန်ကြီး အိစ်ဝါပရာဆက် ဟာ တကယ်ပဲဘုရားခိုးဂိုဏ်းတွေနဲ့ ပတ်သတ်မှုရှိလားခြုံငုံပြောရရင်…Action, Horror, Thriller အမျိုးအစားဖြစ်လို့ တော်တော်ကြည့်ကောင်းတဲ့ ၂၀၁၈ ကားကောင်းတစ်ကားပါပဲဒီဇာတ်ကားဟာ လှည့်ကွက်တွေ အများကြီး ပါနေတာမို့

အခန်းကိုကျော်ပြီး မကြည့်ပါနဲ့ ယောင်လည်လည်ဖြစ်သွားပါလိမ့်မယ်….

Translator — Subscene
Encoder — Sai Wunna

Credit : Burmese Subtitle

အညွှန်း၊ ရုပ်ရှင် ဘာသာပြန် အကုန် Credit ပေးပါတယ်...

လေးစားစွာဖြင့်
ကိုထွဋ်






Comments

Popular Posts