Baazaar (2018)

Baazaar (2018)
ဆာလောင်မှု၊
လောဘ နဲ့
သြဇာတက္ကိမ တွေ
ပြည့်နှက်နေသော ဈေးကွက်


https://www.facebook.com/100036292657887/videos/116193636267058/

ကျွန်တော်တို့ လူငယ်တွေ ပြောနေကြ ဘန်းစကား တခုလို့ပေါ့ "အရမ်းတတ်နေတယ်ပေါ့ ..ဟုတ်လား??? အေး.. ငါကလဲ အဲလိုကောင်တွေကိုပဲ သီးသန့် ခိုင်းစားလာတာ" ဆိုသလိုပဲ...

လူတွေတော်တော်များများက ကိုယ့်ကိုယ်ကို သူများထက် တော်တယ် တတ်တယ် ထူးချွန်တယ်လို့ အထင်ကြီးတတ်ကြတာ များပါတယ်...

အဲလိုပဲ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး နေတဲ့ မြို့လေး နဲ့ မတင်းတိမ်တဲ့ ကောင်လေးတယောက်က စတော့ရှယ်ယာလောကမှာ ဖျံလဲ ဖြစ် အားလဲ ကျရတဲ့ ကိုသာရီ နဲ့ တွေ့ဖို့ မွန်ဘိုင်းကို တက်လာခဲ့ပါတယ်...

မြို့ရောက်ရင်တော့ အလုပ်ကြိုးစားမယ် သူ့အရည်အချင်းနဲ့ဆို မကြာခင် အောင်မြင်လာမယ်ပေါ့...

သူတွေးထားသလိုပါပဲ သူ့ရဲ့ ထက်မြက်မှုတွေက သူများနဲ့ မတူ၊ ဒါကို ကိုသာရီကလဲ လက်ခံ၊ အလုပ်ပေး၊ ဒီကြားထဲ ဥာဏ်ကောင်းပြီး အလိုက်သိတဲ့ ခပ်မိုက်မိုက် ဆော်လေး တပွေလဲ ရထားဆိုတော့ ဘာပြောကောင်းမလဲပေါ့...

ဒါပေမဲ့ ဒါတွေအားလုံးက ကြိုတင်စီစဉ်ထားပြီးသား ဂိမ်းတခုပဲ ဆိုတာ သိသွားတဲ့ အချိန်မှာတော့ ဘာတွေ ဆက်ဖြစ်မလဲ???

ကျွန်တော် အဲကားကြည့်ပြီးပြီးချင်း အရမ်းကြောက်သွားတယ်... လောကကြီးကို စိတ်လဲ ပျက်သွားတယ်... သူ့နေရာမှာ ငါသာဆိုရင်ရော ဆိုတာတွေ နဲ့ တော်တော် တွေဝေသွားခဲ့ပါတယ်...

ကျွန်တော်ပြောတာကပဲ ပိုတာလား ဒီထက်ရော ဘာတွေ တွေးမိသေးလဲဆိုတာ ဒီကားလေး ကြည့်ပြီး မန့်ပေးကြပါဦး...

လေးစားစွာဖြင့်
ကိုထွဋ်






Comments

Popular Posts