Kesari (2019)

Kesari (2019)
ရဲရဲတောက်

၁၈၉၇ ခုနှစ် ဗြိတိသျှတွေက အိန္ဒိယရဲ့ နယ်မြေ တော်တော် များများကို သိမ်းပိုက်ထားပြီးကာလ...
ယခု အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန်တို့ တည်ရှိတဲ့ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ရိုက်ကူးထားတာပါ...
ဆာရာဂါဟီတိုက်ပွဲလို့ အမည်တွင်တဲ့ ဗြိတိသျှ အိန္ဒိယ စစ်သား (ဆစ်ခ်လူမျိုး) တွေနဲ့ အာဖဂန်နစ္စတန် (ပထန်လူမျိုး) ကြား စစ်ပွဲ ဖြစ်ပါတယ်...
စစ်ပွဲ အခြေတည်လာတာကတော့ ဟဖ် ခေါ် အိုက်ရှာဆင်း ဆိုတဲ့ တပ်ကြပ်က အာဖဂန် လူမျိုး ကောင်မလေးတယောက် အသတ်ခံရမှာကို ကယ်ရင်းက ဖြစ်ခဲ့တာပါ...
အဲလိုကယ်ခဲ့တဲ့ အတွက် အိုက်ရှာလဲ တပ်သား (၂၀) ရှိတဲ့ စာပို့တပ်ကို ပို့ခြင်း ခံခဲ့ရပါတယ်...
အာဖဂန်ကလဲ အရေးနိမ့်ခဲ့တဲ့ အတွက် အခဲမကြေဘဲ လူစုပြီး ပြန်လာအတိုက်မှာ ပထမဆုံး ခံတပ်ကတော့ အိုက်ရှာတို့ရဲ့ လူနည်းစု စာပို့တပ် တပ်ရင်း (၃၆) ပဲ ဖြစ်ပါတယ်...
အင်အား ၁ သောင်း နဲ့ အိုက်ရှာ အပါအ၀င် ၂၁ တပ်ကလေးက ဘယ်လို စိတ်ဓာတ် နဲ့ စစ်ဆင်ရေး ဆင်နွဲခဲ့သလဲ ???
အစက ပြောက်သောက် ဖြစ်နေတဲ့ သူ့ရဲ့ တပ်ကလေးကို ဘယ်လို စည်းရုံးလိုက်လဲ ???
အ၀ါရင့်ရောင် ခေါင်းပေါင်းကို ဘာလို့ ပေါင်းပြီး တိုက်ပွဲဝင်တာလဲ ???
အ၀ါရင့်ရောင် ရဲ့ အဓိပ္ပာယ်က ဘာလဲ ???

ဆစ်ခ်လူမျိုးတွေကို ကြိုက်တာတော့ လုပ်လို့ရတယ် ဒါပေမဲ့ သူတို့ အသက်နဲ့ လဲပြီး ကာကွယ်တဲ့ အရာက ဘာလဲ ??? ဆိုတာကိုတော့

Kesari (ရဲရဲတောက်) ဆိုတဲ့ ကားလေးကို ကြည့်လိုက်ကြရအောင် ဗျာ...

တိုက်ရိုက်လင့် : https://www.facebook.com/mehnthide.…/videos/406035656906416/

Credit : ချန်နယ် မြန်မာ
Credit Uploader : Mehn Thide Chan

ps: အများကြီး ရေးစရာ ရှိပေမယ့် ဘာသာတွေရဲ့ ယုံကြည်မှုတွေ ကို မှားရေးမိမှာစိုးလို့ ဒီလောက်ပဲ ရေးပါတယ်... အခုက သူများတွေ လင့်က အဆင်ပြေသေးတော့ ကျွန်တော် Upload မလုပ်သေးပါဘူး... အဲလင့် ကျရင်တော့ ကျွန်တော် ကိုယ်တိုင် ထပ်တင်မှာပါ....

လေးစားစွာဖြင့်
ကိုထွဋ်








Comments

Popular Posts