Sarrainodu (2016)

Sarrainodu (2016)
လူမှန်

https://www.facebook.com/khwee.htut.73/videos/113677196527964/


ဖြေရှင်းမရ ကိုင်တွယ်ရခက်တဲ့ အထက်ပိုင်းပုဂ္ဂိုလ်တွေရဲ့ အမှုတွေဆို ကိုင်ပေးပြီး တရားရုံးမှာ တခါမှ မနိုင်ဖူးတဲ့ ရှေ့နေ စရီပါသီဆိုသူ ရှိပါတယ်... သူက တရားရုံးမှာသာ မနိုင်တာ တရားရုံးက မစီရင်နိုင်တဲ့ အမှုဆို ပြင်ပမှာ အမြဲနိုင်ပါတယ်... ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ သားလိုချစ်ရသူ တူတော်မောင် ဂန်နာကြောင့်ပါ...

ဂန်နာဆိုတာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီး ရာထူးတိုးခါနီးမှ စိတ်မပါလို့ ထွက်လာပြီး မိန်းကလေးရှင်တိုင်းက ငြင်းလွှတ်တဲ့ တရက်ကို ၂ ကြိမ် ရန်ဖြစ်သူ တယောက်ပါ... ကောင်းတဲ့စိတ်က မတရားတာဆို လက်ပိုက်ကြည့်မနေနိုင်သလို သူ့ဦးလေးရဲ့ တရားပြင်ပ ကိစ္စဆို လိုက်ဖြေရှင်းပေးတာပါပဲ...

ဝန်ကြီးချုပ်ရဲ့ သား ဒါနူမှာ နိုင်ငံခြားနဲ့ သေဘာတူထားတဲ့ ဆီပရောဂျက်ရှိပါတယ်... အဲဒီပရောဂျက်အတွက် ဆီပိုက်လိုင်း ဖြတ်သန်းရာ နယ်တွေမှာရှိတဲ့ လယ်ကွက်တွေကို မတရားသဖြင့် လိုက်သိမ်းပိုက်နေပါတယ်... ၀န်ကြီးချုပ်သားကလဲ ဖြစ် လက်ကလဲ မရွံ့တော့ သူ့အမှုဆို လက်ရှောင်ကြတာ များပါတယ်...

ဟန်စီသာဆိုတာ သူ့အဖေ ကွယ်လွန်ပြီးနောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အမတ်ဖြစ်နေသူလေးပါ... တိုင်းကျိုးပြည်ပြု လုပ်ငန်း လုပ်နေရင်း ဂန်နာက သတို့သမီးလောင်း နောက်တယောက်ကို ကြည့်ဖို့အသွားမှာ မျက်စိကျပြီး ချစ်ခွင့်ပန်ခြင်းခံရသူပါ... အစပိုင်းမှာတော့ ဂန်နာကို လူပေလူလွင့် အားနေရင် ရန်ဖြစ်သူလို့ ထင်ပေမယ့် ဂန်နာရဲ့ လူသားဆန်မှု၊ ဥပဒေက မစီရင်ပေးနိုင်တာကို တရားမျှတအောင် လုပ်ပေးမှုတွေ ကြောင့်နောက်ဆုံး လက်ထပ်ဖို့အထိ ဖြစ်လာသူပါ... သို့သော် လက်မထပ်ခင် ဂန်နာကို ကတိတခုတောင်းပါတယ် နောက် ဘယ်တော့မှ ဘယ်အကြောင်းနဲ့မှ ရန်မဖြစ်ဖို့ပါ...

ဂျာနူး... သူမကတော့ ဂန်နာအဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ သမီးပါ... ဂန်နာနဲ့ ထိမ်းမြားဖို့ သွားကြည့်ခိုင်းတဲ့ သတို့သမီးတယောက်ပါပဲ... တဖက်မှာလဲ ၀န်ကြီးချုပ်ရဲ့သားဖြစ်သူက မတရားသဖြင့် လယ်မြေတွေ သိမ်းပိုက်မှုကို တွန်းလှန်နေသူတယောက်လဲ ဖြစ်ပါတယ်...

ဂန်နာက အမတ်မလေးနဲ့ ဘယ်လို ဆက်သွားမလဲ???
ဂျာနူးကရော သူတို့ နှစ်ယောက်ကြား ဘယ်လို ၀င်လာမလဲ???
ဝန်ကြီးချုပ်သားနဲ့ရော ဘယ်လိုတွေ ထိပ်တိုက်တွေ့စရာ ကိစ္စတွေ ကြုံလာမလဲ??? ဘယ်လို ပညာပေးမလဲ???
အက်ရှင်တွေကရော ဘယ်လို ချမလဲ ဆိုတာကို တော့ အာလူးအာဂျွန်ရဲ့ "လူမှန်" ကားလေး ရှုစားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်...

လေးစားစွာဖြင့်
ကိုထွဋ်

အဲလို စိတ်ဝင်စားစရာ ရုပ်ရှင်တွေ ကြည့်ချင်ရင်
ဂရုကို Join နိုင်ပါတယ်..
https://www.facebook.com/groups/bwloversmyanmar/ (ဘောလီးဝုဒ်ချစ်သူများ ဆိုပြီး ရှိပါတယ်...)

#kohtutbollywoodmovies #sarrainodu2016









Comments

Popular Posts