#Rocky Handsome# 2016
{ အစဆုံး (ကြည်) စာတန်းထိုးပြည့် }

Rocky ဆိုတာ အေးဂျင့်တုန်းက Nick Name... သင်ခဲ့ရတာကလဲ လှို့ဝှက်လူသတ်သင်တန်း... ရက်စက်တာကတော့ အစမ်းပြသတုန်းက ၀န်ကြီးပဲ ထိတ်လန့်ခဲ့ရ... ရန်ငြိုးဟောင်းတွေကြောင့် ချစ်ရတဲ့ မိသားစုနဲ့ သေကွဲကွဲခဲ့ရပြီး ကျားနာတကောင်လို ငြိမ်နေခဲ့...
Handsome ဆိုတာကတော့ လူဖြောင့်လူချော... ရုပ်တည်နဲ့ လုပ်ပေးစရာ ကူပေးစရာရှိရင် လုပ်ပေးပြီး မျက်နှာသေနဲ့... တွဲစရာ သံယောဇဉ်က ဘေးအိမ်က ချစ်ဖို့ကောင်းတဲ့ ကလေးမလေး... အမေက ဆေးစွဲ ပျော်တော်ဆက်မ... သမီးဖြစ်သူကလဲ အသေးစား သူခိုးလေး... တကြိမ်မှာတော့ မလုပ်သင့်တဲ့ အမှားတခုကို ကလေးမလေး အမေက မှားပြီးတဲ့နောက်... သားအမိနှစ်ယောက်ကို ဖမ်းခေါ်ပြီး ... နောက်တော့...
ငြိမ်နေတဲ့ ကျားနာကိုမှ သွားဆွလိုက်မိတဲ့ မူးယစ်နဲ့ လူအဂါင်္အစိတ်အပိုင်း ရောင်းစားတဲ့ ဂိုဏ်း... ဘယ်လို ပက်ပက်စက်စက် အသတ်ခံရလဲဆိုတာတော့... ကလေးတွေနဲ့ မကြည့်ဖို့တော့ တားမြစ်ထားတယ်ဗျ... လူသတ်တာ တအားရက်စက်လို့...
ဒီကားလေးက IMDb 6.8/10 ရထားတဲ့ ဂျွန်အေဗရာဟမ် ရဲ့ ဇာတ်ကားလေးပါ... 2010 က ထွက်ခဲ့တဲ့ ကိုရီးယားကား The Man From Nowhere ကို တထေရာတည်း ပြန်ရိုက်ထားတာပါ... မြန်မာပြည်မှာ သိတဲ့ ထယ်စောက်(၀န်ဘင်း) Best Actor ရခဲ့တဲ့ကားပါ... မင်းသားနှစ်ယောက်စလုံးကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေချည်းပါပဲ...
ကဲ... အားပေးလိုက်ကြရအောင်ဗျာ...

ရုပ်ရှင်လင့်
https://openload.co/f/8LdAl4aeC7I/%E1%80%B1%E1%80%9B%E1%80%AC%E1%80%B9%E1%80%80%E1%80%AE_%E1%80%9F%E1%80%94%E1%80%B9%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8.mp4

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts