#Dear Zindagi# (2016) IMDb 7.8/10
{ အစဆုံး (ကြည်) စာတန်းထိုးပြည့် }

ငယ်ငယ်က စိတ်ဒဏ်ရာတွေက ကြီးတဲ့အထိ အရိပ်လိုလိုက်ပါလာတတ်ပါတယ်... မိဘက အဘိုးအဘွားနဲ့ထားခဲ့ပြီး စီးပွားထွက်ရှာတာကို သူ့ကို ဂရုမစိုက်တော့ဘူးဆိုပြီး ကြေကွဲနေတဲ့ သူမ...
ကြီးလာတော့ ရုပ်ရှင်တွေ ကြော်ငြာတွေမှာ စိတ်ကူးစိတ်သန်းကောင်းတဲ့ ရိုက်ကူးရေးခေါင်းဆောင်တယောက်ဖြစ်လာခဲ့တဲ့ သူမ...

ငယ်ငယ်က နာကြည်းစိတ်ကြောင့် သူများမထားခင် ကိုယ်အရင်ထားရင်း ရည်းစားများသူ အပေါစားဆန်တယ်လို့ ကိုယ့်ကိုယ်ကိုထင်နေတဲ့ သူမ...
အလုပ်လုပ်တဲ့ မွန်ဘိုင်းမှာက အိမ်ထောင်ပြုရမယ့်အရွယ် အိမ်ထောင်မပြုရင် အခန်းတောင် မဌားဘဲ နှင်ထုတ်တဲ့ ဖြစ်ရပ်...
ကိုယ်ကချည်းထားသွားပေမယ့် တယောက်သောသူက သူ့စိတ်ကို ကိုင်လှုပ်လိုက်တော့ အိပ်မရရောဂါလို့ ဖြစ်နေတာကတော့ ကိုကိုး ခေါ် ကိုင်ရာ(Alia Bhatt)...
အိန္ဒိယတောင်တက်သမားက တရုတ်တောင်တက်သမားတွေနဲ့ ဧ၀ရက်တောင်တက်တဲ့ ဖြစ်ရပ်ဆန်းတွေ.... ရည်းစားအထားများတာဟာ စိတ်ကြိုက်မရမချင်း ရှာမိတာမဟုတ်လားဆိုပြီး ထိုင်ခုံဝယ်တဲ့ သီအိုရီတွေ... ပင်လယ်နဲ့ ဆော့တမ်းကစားနည်းတွေ... ကိုင်ရာရဲ့ အိမ်မက်တွေကို အဓိပ္ပာယ်ပြန်ပေးတာတွေ အဖေ နဲ့ အမေ တယောက်စီကို ၁၀ မိနစ်စကားပြောဖို့ အိမ်စာတွေပေးတဲ့ နည်းတွေ စတဲ့ ထူးထူးဆန်းဆန်းနည်းလမ်းတွေနဲ့ စိတ်ဒဏ်ရာ ကုသပေးသူအဖြစ် ဒေါက်တာခန်း(Shah Rukh Khan)
ကိုင်ရာက မွန်ဘိုင်းကနေ အဆင်မပြေလို့ ဂိုအာက မိဘအိမ် ပြန်အလာ... ဖခင်ဖြစ်သူရဲ့ သူငယ်ချင်း စားသောက်ဆိုင်အတွက် ကြော်ငြာဇာတ်လမ်းတို ရိုက်ပေးဖို့ သွားရင်း ဒေါက်တာခန်းနဲ့ တွေ့ပြီး အိပ်မရတဲ့ ရောဂါအတွက် ကုသမှု ခံခဲ့ပါတယ်... ဒေါက်တာခန်းရဲ့ ထူးဆန်းတဲ့ ကုသမှုတွေအပြီး ကိုယ့်ကိုယ်ကို နားလည်လာပြီး ပတ်ဝန်းကျင်ကို အမှန်တိုင်း အကောင်းတိုင်း မြင်လာသူ ဖြစ်လာခဲ့တာကို ရိုက်ကူးထားတာပါ...
အဲဒီကားထဲမှာ ထူးဆန်းပြီး နှစ်သက်တာ တခုကို ပြောပါဆိုရင်
"ခက်ခဲတာကို လုပ်မှ ပိုတန်ဖိုးရှိလားလို့ မေးခွန်းပါ... တခါတလေ ခက်ခဲတာကို လုပ်ဖို့ အဆင်သင့်မဖြစ်ခင်မှာ အလွယ်လေးတွေလုပ်တာ ပိုမကောင်းဘူးလားဆိုတာ" လေးပါ... အရမ်းမိုက်ပါတယ်...
အဲကားထဲက ကုသခန်းတွေက ဒိုင်ယာလော့ တော်တော်မိုက်လို့ တော်တော်လေးတောင် တွေးမိပါတယ်...
နောက်တချက်ကတော့ ဒီကားရဲ့ ဒါရိုက်တာက Gauri Shinde ဆိုတဲ့ အမျိုးသမီးဒါရိုက်တာပါ... English Vinglish(2012) နဲ့ Dear Zindagi ၂ ကားပဲ ရိုက်ရသေးတာပါ... ၂ ကားလုံးက ရည်ရွယ်ချက်လေးတွေ ကောင်းပြီး အောင်မြင်တယ်ဆိုတာပါပဲ...

Video Credit: Channel Myanmar

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts