#Aashiqui 2 # စိတ်ကူးယဉ်သီချင်း အမှတ်၂ (2013)
{ အစဆုံး (ကြည်) စာတန်းထိုးပြည့် }

ထွက်ခဲ့တဲ့ အချိန်ကနေ အခုထိ Romantic ဆန်ဆန်နဲ့ ရင်ထဲ စွဲကျန်နေစေတဲ့ ရုပ်ရှင်တကားပါ... မင်းသား မင်းသမီး ဒါရိုက်တာ ထုတ်လုပ်သူ အကုန်လုံးကို သတိထားမိစေခဲ့တဲ့ ရုပ်ရှင်တကားဆိုလဲ မမှားပါဘူး... သီချင်းတွေဆိုလဲ တကားလုံး အကုန်ကြိုက်ပါတယ်... တချို့ဆို အလွတ်တောင် ရပါတယ်...

အဲဒါတွေထဲကမှ အရမ်းခိုက်တဲ့ သီချင်း 4 ပုဒ် ကို ပြောပြပါ့မယ်...

ပထမဆုံး သီချင်းကတော့ မင်းသား စင်ပေါ်တက်ပြီး ဟဲတဲ့ "Sun Raha Hai Na Tu" နားဆင်နေရဲ့လားရယ်???

"Tum Hi Ho" မင်းတယောက်သာရယ်...

မင်းသား နဲ့ မင်းသမီး ဂီတာတီးပြီး သီချင်းတိုက်တဲ့ "Chahoon Mai Ya Na" မင်းကို ချစ်သင့်ရဲ့လား ဟင်???

"Aasan Nahi" အဲသီချင်းကတော့ မလွယ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့ ရုပ်ရှင်ကြော်ငြာ ပိုစတာထဲက ဂျာကင်လေးနဲ့ မိုးရွာတာကို ကာပေးတဲ့ အချိန် ကြားရတဲ့ သီချင်းလေးပါ...

ပြောရင်း စွန်းမျက်ရည်ဝဲတယ်... $သည်းအပေါက်ဆုံးက မင်းသား မင်းသမီးကို ဘာလို့ မညားပေးတာလဲ မသိဘူး... :(

ရေးထားတော့ "Love Makes Life Live" အေးလေ မင်းသမီးက မင်းသားရဲ့ နာမည်အတွက် ဆက်ရှင်သန်သွားတာပဲလေ... :D

ကတိပေးထားတဲ့အတိုင်းပါပဲ ကျွန်တော့်မိန်းမမွေးနေ့ အထိမ်းအမှတ်အနေနဲ့ တင်ပေးလိုက်ပါတယ်...
ပြန်ကြည့်လိုက်တိုင်း ခုချိန်ထိ ငိုရတဲ့ကားလေးပါ...
ပြန်နွှေးချင်သူများ နွှေးနိုင်စေရန်...

ဗီဒီယိုခရက်ဒစ်: Channel Myanmar

ရုပ်ရှင်လင့်
https://www.facebook.com/daddy.htut/videos/1981787558718332/

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts