#Half Girlfriend# (2017)
{ အစဆုံး (သိပ်မကြည်) စာတန်းမထိုးပါ }

မင်းသားက အာဂျွန်ကပူး
မင်းသမီးက ရှာဒကပူး
ဇာတ်လမ်းက 3 Idiots နဲ့ 2 States ရေးသားသူ
ဒါရိုက်တာက Aashiqui 2 ကို ရိုက်ကူးခဲ့သူ
ထုတ်လုပ်သူက EK Villain ထုတ်လုပ်သူ

ပထမဆုံး UN မှာ ပြခွင့်ရခဲ့တဲ့ ဘောလီးဝုဒ်ကား...
စိတ်ဝင်စားစရာ အကြောင်းချင်းရာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေး၊ ကျောင်းတွေမှာ အမျိုးသမီးတွေ အတွက် အိမ်သာ အလုံအလောက်ရှိရေး...

အကြိုက်ဆုံး သီချင်းကတော့ Phir Bhi Tumko Chaahunga(Still You Want) အာဂျစ်ဆင်း ဆိုထားတာ...

အာဂျွန်ပြောတဲ့ အကြိုက်ဆုံး တော်ကီကတော့ -
"နင့်ဘ၀တခုလုံး ဒီကောင်မလေးအတွက် မြုပ်နှံထားမှာလား ???
အုတ်ဂူထဲထိ ဒီအချစ်စိတ်တွေကို သယ်ဆောင်သွားမှာပါ..."
"ဘယ်လောက်ဆိုးဆိုး ငါကတော့ ဆက်ချစ်နေမှာပါ..."
ရှာဒ ပြန်ပြောလိုက်တဲ့ စကားကတော့
" I Can Be Your Half Girlfriend ... "

IMDb Rate ကတော့ 4/10 ဆိုတော့ လူကြိုက်နည်းနေတယ်ပဲ ပြောရမယ်ထင်တယ်... ကျွန်တော်ကတော့ အကြည်ရရင် ကြည့်ဖြစ်မယ် ကားတကားလို့ပဲ ပြောချင်ပါတယ်... ဘာလို့ဆိုတော့ အရှိန်အ၀ါ တော်တော်ကြီးတဲ့ ဇာတ်လမ်းရေးသူ ဒါရိုက်တာ ထုတ်လုပ်သူတွေက လုပ်ထားတဲ့ကားက အချိန်ကို ဖြုန်းပစ်မယ်လို့ မထင်မိလို့ပါ...

ရုပ်ရှင်ကတော့ ဘာသာမပြန်ရသေး အရုပ်လဲ သိပ်မကြည်သေး အသံသိပ်မကောင်းသေးတာ ရှိပါတယ်... အကြည်ရမှာ တင်ပါ့မယ်... လတ်တလောတော့ သီချင်းထွေလာလေးကြည့်ပြီး ကောင်းမယ် မကောင်းဘူး သုံးသပ်လိုက်ပါဦး... :D

#Half Girlfriend
“အချစ်စစ်တို့ရဲ့ လမ်းက မဖြောင့်တန်းပါဘူး… မယိမ်းယိုင်မြဲမြံတဲ့ အချစ်💖💖 ကပဲ နေသာတဲ့ တနေ့🌅 ကို ခေါ်ဆောင်သွားမှာပါ…”
သူငယ်ချင်းမက ရည်းစားမကျ
ဇာတ်ကား အစထဲက ရင်မောရတာ 😔😔 ကားဆုံးတဲ့ အထိပါပဲ… ကားတစ်ဝက်မှာတောင် ခဏနားရသေးတယ်… မခံစားနိုင်တော့လို့ 😪😪… သရုပ်ဆောင်တာထက် မျက်လုံးတွေက အသက်ပါလွန်းတယ်… ဘ၀တခုလုံးရဲ့ ပျော်ရွှင်မှုက သူမနဲ့ တစ်လ၊ တစ်ပတ်၊ တစ်ရက် လောက် ဖြတ်သန်းရမယ်ဆိုရင် လဲရဲတယ်… ကိုယ့်ဘ၀ထဲက တစ်ခါထွက်ပြေးတယ်၊ နှစ်ခါထွက်ပြေးတယ် သေပြီလို့ ပြောခဲ့တာတောင် စိတ်မှာ အရိပ်လို တွယ်ပြီး ရူးနေတုန်းပဲ… ဘယ်လို အချစ်မျိုးပါလိမ့် 🤦‍♂️🤦‍♂️🤦‍♂️ ??? ရီယားလို့ တမ်းတမ်းတတ အော်လိုက်တဲ့ အသံနက်ကြီးက မျက်သားတွေ စွတ်စိုစေတယ်… ရည်ရွယ်ချက်၊ ပန်းတိုင်၊ ဘ၀ ဘာတခုမှ ကို စိတ်မ၀င်စားဘူး ခဏလေးပဲ… သူနဲ့အတူရှိတဲ့ Just a Moment but with a Half Girlfriend…
ဒီကားကြည့်ပြီးတဲ့အချိန် IMDb Rate လဲ စိတ်မ၀င်စားတော့ဘူး… ရှာဒကပူးက ရုပ်ရှင်ကားပေါက်ဖို့ လာဘ်မရှိလဲ စိတ်မ၀င်စားဘူး… ဇာတ်လမ်းနဲ့ ချစ်တတ်ပုံ သပ်သပ်လေး ကြည့်ချင်ရင်တော့ ဒီကားကို ညွှန်းပါတယ်… သက်ပြင်းတွေ အခါခါချရမယ်… အကယ်ဒမီရှော့နဲ့ မျက်ရည်မကျခိုင်းဘူး… သဘာဝကျကျ အပိုအလိုမရှိ… ဇာတ်သိမ်းထိကြည့်ဖြစ်အောင်တော့ Hint ပေးမယ် ဇာတ်သိမ်းက စိတ်ချမ်းသာရပါတယ်လို့…
Ps: အိန္ဒိယကား🇳🇪တွေမှာ သဘောကျတာက Tradition ရယ် ဖြစ်နေတဲ့ ဖြစ်နေဆဲ issue လေးတွေကို ဇာတ်ကျောရိုးထဲထည့် ပါးပါးပုတ်ပြီး မက်ဆစ်ပေးတာလေးပဲ… စကားမစပ် theme song နဲ့ ထွေလာလဲ မိုက်ပါတယ်လို့… ထွက်တာကတော့ ၂၀၁၇ ထဲကပါ…
လေးစားစွာဖြင့်
ကိုထွဋ်

ရုပ်ရှင်လင့်
https://openload.co/f/K0AKzuVbPK0/Half_Girlfriend_By_Bollywood_Lovers.mp4

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts