#Mirzya# (ချစ်ရဲဖို့ပဲ လိုတယ်...) 2016
{ အစအဆုံး (ကြည်) စာတန်းထိုးပြည့် }

ပိုစတာနဲ့တင် သေလို့ရတယ်... ချစ်ခြင်းရဲ့ မြှားက ချစ်သူနှစ်ယောက်ရဲ့ အသည်းတွေကို ထုတ်ချင်းပေါက်ထားတာ... ဒီကားအတွက် Quote ကလဲ " Dare To Love " တဲ့ ကျွန်တော်ကတော့ ချစ်ရဲဖို့ပဲ လိုတယ်လို့ ဘာသာပြန်လိုက်တယ်ဗျာ...

ဇာတ်လမ်းကတော့ ပန်ချာပီပါးစပ်ပြောရာဇ၀င်တွေထဲက "မိဇရာ" ဆိုတဲ့ မဆုံဆည်းနိုင်ကြတဲ့ အချစ်ကံခေ အချစ်ဌက်ကလေး နှစ်ကောင်ရဲ့ အချစ်အကြောင်းလေးပါ... ရှေးဘ၀ အထုံကတည်းက ဖူးစာတေ့လွဲဟာ လက်ရှိဘ၀မှာလဲ ထိုနည်းလည်းကောင်း အဖြစ်အပျက်နဲ့ နိဂုံးချုပ်သွားခဲ့ရပါတယ်... ကြားမှာ ဘယ်လောက် အနှောက်အယှက်တွေ ကာရံခြားနားလဲ အချစ်တွေကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး... တခုလေးပဲ ပျော်ရွှင်စွာဇာတ်သိမ်းရမယ့် Happy Ending ကတော့ Star-Crossedဆိုတဲ့အတိုင်း ကြယ်နှစ်စင်းကဆုံပေမဲ့လဲ တဖြည်းဖြည်း ဝေးသထက် ဝေးသွားရတဲ့ အဖြစ်နဲ့ပဲ ကြုံဆုံနေရတာပါပဲ...

အချစ်ကို ဘယ်အချိန်မှာ အစောဆုံးတွေ့ခဲ့ကြလဲ ??? မူလတန်းလောက်ကတည်းက ချစ်ခဲ့ဖူးတဲ့သူ အသက်ပေးရလောက်သူ တွေ့ဖူးလား ??? ဘယ်လောက်ထိခိုင်ခံ့ခဲ့လဲ ??? ဒီကားလေးမှာတော့ အဲဒီအငွေ့သက်တွေ အကုန်ပါပါတယ်... ဒုတိယ ရိုမီယို ဂျူးလိယက်လို့ဆိုရင်လဲ မမှားဘူး ထင်ပါတယ်...

အဲဒီကားထဲမှာ အကြိုက်ဆုံးစကားလေးကတော့ "အချစ်က ပင့်ကူကွန်ယက်လိုပဲ တခုနဲ့ တခု ဆက်စပ်နေတယ်ဆိုလေးပဲ..."

Critic reviews
ဝေဖန်သုံးသပ်ကြသူတွေကတော့ ကွန်ပျူတာ Effect တွေ ကြွယ်ဝစွာသုံးပြီးတော့ အလွှာခွဲခြားမှုပေါ်မှာ အချစ်တွေရဲ့ အာရုံပျံ့လွင့်မှုတွေကို ဇောင်းပေးရိုက်ထားတဲ့ သာမန်အချစ်ပုံပြင်လေး ရာဇ၀င်လေး အဖြစ်နဲ့ ပြောထားပါတယ်...
တကယ်လဲ ဟုတ်ပါတယ်... ကားအစပိုင်းမှာသုံးထားတဲ့ ကွန်ပျူတာ ပြုလုပ်ချက်တွေက လုံးဝကို ဟောလီးဝုဒ်ကျော်တယ်ဗျ... ကာလာ ဆက်တင် ကင်မရာ အယူအဆ အားလုံး အားလုံး သာပါတယ်... ဇာတ်လမ်းကလဲ သာမန်ပါပဲ ဒါပေမဲ့ ကြည့်လို့ကောင်းတာတော့ ငြင်းမရဘူးဗျ...

ဒီကားလေးနဲ့ပဲ မင်းသား(Harshvardhan Kapoor)(အနီကပူးရဲ့သား)က အကောင်းဆုံး မျက်နှာသစ် သရုပ်ဆောင်ဆု၊ Stardust က ချီးမြှင့်တဲ့ မနက်ဖြန်ရဲ့ စူပါစတား အမျိုးသားဆု ရရှိခဲ့ပါတယ်... မင်းသမီး(Harshvardhan Kapoor)ကလဲ Stardust က ချီးမြှင့်တဲ့ မနက်ဖြန်ရဲ့ စူပါစတား အမျိုးသမီးဆု ကို ရရှိခဲ့ပါတယ်...

ရုပ်ရှင်လင့်
https://openload.co/f/RrjuaHSMhVg/%E1%80%99%E1%80%AD%E1%80%9B%E1%80%AC%E1%80%87%E1%80%B9_%E1%81%82%E1%81%80%E1%81%81%E1%81%86.mp4

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts