#Lagaan #(Once Upon A Time In India) 2001
{ စဆုံး (ကြည်) စာတန်းထိုးပြည့် }

လွန်ခဲ့သော ၁၆ နှစ်က ထွက်ခဲ့တဲ့ ရုပ်ရှင်ကားတကားပါ... အခုချိန်ထိ ပေါက် ကား ဖြစ်နေတယ်ဆိုတာကတော့ အမရ်ခန်းရဲ့ အရှိန်အ၀ါ ကြီးမားမှုကို ပြသနေသလိုပါပဲ...
ကားနာမည်ကို "တချိန်တုန်းက အိန္ဒိယ" လို့သာ လူသိများကြပြီး ခရစ်ကက်ကစားကြတဲ့ ကားရယ်လို့ပဲ သိကြပါတယ်...
တကယ်တော့ ကားနာမည်က "Lagaan" ပါ အခွန်ကောက်ခြင်းလို့ပဲ ဘာသာပြန်ပါတယ်...
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ချန်ပနားဆိုတဲ့ ရွာလေးမှာ အခွန်တွေ မတရားကောက်လို့ ကြွေးမြီတွေထူပြီး အဓိကရုဏ်းဖြစ်ရာကနေ ခရစ်ကက် ကစားပြိုင်ဖို့ ဖြစ်လာတာပါ...
ရွာသားတွေကတဖက် ကိုလိုနီတွေကတဖက် ပြိုင်ကြတာပါ...
ရွာသားတွေက နိုင်ရင် အခွန်ကိုလျှော်ပေးမှာဖြစ်ပြီးတော့ ကိုလိုနီတွေ နိုင်ရင်တော့ သူတို့သတ်မှတ်ထားတဲ့ အတိုင်းပေးရမှာ ဖြစ်ပါတယ်...
ဒီတော့ မင်းသား(ရွာသား)တွေဘက်က နိုင်မလား နိုင်ခဲ့ရင်ရော ဘယ်လို အခက်ခဲတွေ ကျော်လွှားခဲ့ရလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားကြပါ...

ဒီကားလေးရဲ့ ထူးခြားချက်တွေထဲမှာ တခုကတော့ ထုတ်လုပ်သူဟာ မင်းသမီး(Gracy Singh)ကိုယ်တိုင်ဖြစ်နေပါတယ်...
နိုင်ငံတကာ ရုပ်ရှင်ပြပွဲတွေမှာလဲ ချီးမွမ်းစကားတွေ ဆုတွေ တသီကြီးရထားပါတယ်...
အကောင်းဆုံး နိုင်ငံခြားဘာသာစကား ရုပ်ရှင်ဆု အဖြစ် စကာတင်ခဲ့ပြီး ၂၀၁၀ ခုနှစ် အင်ပါယာမဂ္ဂဇင်းရဲ့ ကမ္ဘာအကောင်းဆုံး ရုပ်ရှင်ကား ၁၀၀ စာရင်းမှာ နံပါတ် ၅၅ ချိတ်ထားပါတယ်...
၂၀၁၁ ခုနှစ် တိုင်းမ်မဂ္ဂဇင်းရဲ့ ရာသက်ပန် အကောင်းဆုံး ၂၅ အားကစားရုပ်ရှင်ကားစာရင်းထဲမှာလဲ ပါခဲ့ပါတယ်...
အမရ်ခန်း ငယ်ငယ်တုန်း(၃၆ နှစ်)က ရိုက်ထားတာမို့ အမှတ်တရအနေနဲ့ ပြန်လည်ကြည့်ရှုဖို့လဲ တိုက်တွန်းပါရစေ...

ရုပ်ရှင်လင့်
https://openload.co/f/imCbZV3RvXk/Lagaan_%28Once_Upon_A_Time_In_India%29.mp4

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts