Mersal 2017
Mersal 2017
ချေမှုန်းရန်
ဗီဂျေးကားကို အသည်းကြားက မဲတပြားကားကတည်းက ကြိုက်သွားတာ... သူမဲတပြားမထည့်ရတာနဲ့ ပြသနာရှာလိုက်တာ ရွေးကောက်ပွဲတောင် ပြန်လုပ်ရတဲ့အထိမွှေတာ... ထားပါ...
ဒီကားလေးက ဆေးလောကကို မီးမောင်းထိုးပြလိုက်သလိုပါပဲ... အကြိုက်ဆုံးစကားကတော့
"ဒီလူအုပ်ထဲမှာ ကိုယ့်ကိုယ်ကို ကျန်းမာတယ်ထင်တဲ့သူတွေ လက်ထောင်ခိုင်းပြီး အဲလူတွေ Medical Check Up လုပ်လိုက် သေချာပေါက် ရောဂါရှိနေရမယ်" ဘာလို့လဲဆိုတော့ ကျန်းမာရေး ဆေးစစ်ဌာနနဲ့ ဆရာဝန်တွေက ပေါင်းပြီး လုပ်စားနေကြလို့ပဲတဲ့...
ဇာတ်လမ်းအစမှာတင် ဆေးရုံကားမောင်းတဲ့သူရယ် ဆေးရုံပွဲစားရယ် ခွဲစိတ်ဆရာဝန်ရယ် ဆေးရုံက HR ရယ် ပျောက်သွားတယ်... သတင်းအရ တရားခံကို သွားဖမ်းတယ်... အလွယ်တကူပဲ မိသွားတယ်... ရဲတွေကတော်လို့လား တရားခံကပဲ အဖမ်းခံတာလား... ဘာလို့ အဖမ်းခံတာလဲ... မာရန်ဗစ်ထရီဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါ... ဗီဂျေးထုံးစံအတိုင်း မျက်နှာပြောင်စရာရှိ ပြောင်တယ် တည်စရာရှိ တည်တယ် ကြမ်းစရာရှိကြမ်းတယ်... IMDb Rate 8/10 ဆိုတော့ ဘယ်လောက်ကောင်းလို့ အားပေးလဲ စဉ်းစားသာ ကြည့်ပေတော့...
Credit : လင့်တင်သူရော ဘာသာပြန်သူ ချန်နယ်မြန်မာရော
လေးစားစွာဖြင့်
ကိုထွဋ်
#mersal #vijay #KajalAggarwal #SamanthaAkkineni

Comments
Post a Comment