Karam (2005)

Karam (2005)
စာချုပ် (အင်္ဂလိပ်စာတန်းထိုး ယူကျူလင့်)

https://youtu.be/5OmmHa-3Rfs


ဂျွန်အေဗရာဟမ် ပရိသတ်တွေ အကြိုက်တွေ့မှာပါ... သူ့ကိုက လူသတ်သမား ကြမ်းကြမ်းရမ်းရမ်းတွေ နဲ့ ပိုလိုက်တယ် ထင်ပါတယ်... Race 1 တုန်းကလဲ ကြမ်းတယ်... Rocky Handsome တုန်းကလဲ ထယ်စောက်ကား ပြန်ရိုက်တော့ ဓားမြှောင်ထိုးတာ မိုက်တယ်...

ဒီကားလေးထဲမှာက ကက်ပတိန်ဆိုတဲ့ ဘဲကြီးရဲ့ ဂိုဏ်းက ကြေးစားလူသတ်သမားပါ... မိသားစု တခုလုံးကို သတ်အပြီးမှာ နောင်တရပြီး လူသတ်တဲ့ အလုပ်က ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်...

အဲဒီခေတ်က ကားတွေက ကြေးစားလူသတ်သမားတွေ ခေတ်စားတာဆိုတော့ မင်းသားတွေ အကုန် ဆင်တူတွေ ရိုက်ကြတာပေါ့...
အခုက ဘာခေတ်စားလဲ ဆိုတော့ မင်းသားက ဘာအလုပ်မှ မယ်မယ်ရရ မရှိဘူး... မိသားစုက အလုပ်လုပ်ဖို့ တိုက်တွန်းနေရင်း... မင်းသမီးနဲ့တွေ့... လူမှုရေး စိတ်လေး ရှိတာ တကွက် နှစ်ကွက်ပြပြီး ဘယ်ကဘယ်လို တတ်လာလဲ မသိတဲ့ ပညာတွေ၊ လူဆိုးတွေ နဲ့ ချတာတွေ နဲ့ သူရဲကောင်းဆန်ဆန်ကားတွေ ခေတ်စားတယ်... ပြီးတော့ ၀န်ကြီးချုပ်တွေ ဖြစ်တာ ခေတ်စားတယ်...

သူ့ခေတ် နဲ့ သူပေါ့... မင်းသားအစွဲလေး နဲ့ အရင်ခေတ်က ရသလေး ပြန်လိုချင်ရင်တော့ ကြည့်လိုက်ပါဦး... မြန်မာစာတန်းထိုးကို ရှာပသေးတယ်... အဲအချိန်က ခိုးကူးတွေပဲ ခေတ်ကောင်းတာဆိုတော့ အင်တာနက်ပေါ် တင်ရကောင်းမှန်း မသိသေးလို့ မရှိဘူး ထင်ပါတယ်...

ကျွန်တော်တင်သော ရုပ်ရှင်များကို တစုတစည်းတည်း ကြည့်ချင်ရင်တော့ ဂရုကို Join နိုင်ပါတယ်..
https://www.facebook.com/groups/bwloversmyanmar/ (ဘောလီးဝုဒ်ချစ်သူများ ဆိုပြီး ရှိပါတယ်...)

#kohtutbollywoodmovies #karam2005 #satyamurthy2015 #requestmovies#linksharemovies #thanatosmovies









Comments

Popular Posts