Leader Telegu 2010

Leader Telegu 2010

ကြည့်ချင်ကြည့်လို့ရအောင် မြန်မာစာတန်းတော့ မထိုးဘူး...

https://www.facebook.com/ganesh.prkash/videos/1938342929765036/


ခုနောက်ပိုင်း အိန္ဒိယကားတွေက Trend ပြောင်းလာတယ် ကြည့်တဲ့သူတွေပြောင်းသွားလို့ ဖြစ်မှာပေါ့... အရင်က ရွှေဘ ခေတ်ကလိုပဲ Hero အခြေခံထားပြီး ၃ ယောက်နဲ့ ချချ ၁၀ ယောက် နဲ့ ချချ မင်းသားက နိုင်တယ်... မင်းသားပါတဲ့ ကားဆို ဆီကန်စိမ့်လဲ မပေါက်ကွဲဘူး အဲအဲ ဇာတ်လမ်းအရ ပေါက်ကွဲဆို ပေါက်ကွဲပါတယ်... အဲလိုပြောလို့ ကျွန်တော် မကြည့်ဘူးလား မေးရင် ကြည့်ပါတယ်... ဘာလို့ဆိုတော့ ဗမာထုံးစံအရ မင်းသားနဲ့ မင်းသမီးညားတာ မင်းသားနိုင်တာပဲ ကြည့်ချင်တာကိုး... အလုပ်မှာ ပင်ပန်းသမျှ ဖြေဖျောက်ပါတယ်ဆိုမှ မညားတာ ကွဲတာ သေတာ ရူးသွားတာ ဘယ်ကြည့်ချင်မလဲ...


ထားပါ!!! ပြောချင်တာက ပြောင်းသွားတဲ့ Trend က ၀န်ကြီးချုပ်ဖြစ်တာပါပဲ... ဘယ်ကားလဲ မင်းသားက ၀န်ကြီးဖြစ်ပြီး ၀င်ကိုင်သွားတာ၊ ဘယ်ကားလဲ မင်းသားက အောက်ခြေကနေ တိုင်းပြည်ရဲ့ ချစားနေတာ အကျင့်ပျက်နေတာ လာဘ်ပေးလာဘ်ယူနေတာကို တိုက်ဖျက်ပြီး ၀န်ကြီးလုပ်သွားတာ... ဒါတွေခေတ်စားလာတယ်... ဟဲ ခုမှ တကယ်ပြောပါမယ်... အဲကားတွေထဲက "Leader" ဆိုတဲ့ ကားကို ပြောပြပါ့မယ်...

ကားလေးက telegu 2010 က ထွက်ထားတာပါ... ဇာတ်လမ်း အစမှာပဲ ၀န်ကြီးချုပ်က လုပ်ကြံခံရပါတယ်... သားဖြစ်သူက နိုင်ငံခြားမှာ ပညာသင်နေပြီး ကုမ္ပဏီလောကမှာလဲ အောင်မြင်နေသူပေါ့... နိုင်ငံရေးလဲ စိတ်မ၀င်စားပါဘူး... ဖခင်ဖြစ်သူရဲ့ နောက်ဆုံး ဆန္ဒနဲ့အတူ သူ့ကို ၀န်ကြီးသားမှန်းသိလို့ လာပြီး အကူအညီတောင်းတာရယ် နဲ့ အတူ ၀န်ကြီးလုပ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရပါတယ် ... သိချင်တာကို ဖြေဖို့ ဒရိုင်ဘာရယ်... ကူညီပေးမယ့် မီဒီယာ ကောင်မလေး ချောချောရယ်... အစပိုင်းတော့ ကတောက်ကဆပေါ့ နောက်ပိုင်း မင်းသားက အရမ်းချော ရည်မှန်းချက်ကြီး၊ ကောင်မလေးက ကြွေ၊ လုပ်နေတဲ့ မီဒီယာအလုပ်လဲ ဘယ်ရောက်မှန်းမသိ သူ့နောက်တကောက်ကောက် ပါရမီ ဖြည့်ပေါ့...
ဒါတွေအကုန်က Default ပါ...

ထူးခြားတာလေးက စပြောပါမယ်... ဇာတ်လမ်းမှာ မင်းသားက အရမ်းအကွက်ကျော်မမြင်ပါဘူး... ကြုံရတဲ့ ဒုက္ခတွေကလဲ တပုံတပင်ပါ... အကျဉ်းထဲ အကျပ်ထဲဆို ဘယ်အချိန် ထပြီး အိုင်ဒီယာအသစ်နဲ့ မထင်မှတ်ထားတာနဲ့ တဖက်ကို "သိပ်" မလဲ စောင့်ရတာ အမောပါ... ဒါပေမဲ့ ယုတ္တိ ဆန်လွန်းတော့ မင်းသား ခံဘက်ကကို တက်မလာပါဘူး... ဇာတ်လမ်းက ဆက်သွားရင် လစ် တော့မှာဆိုတော့ အသက်ရှုချောင်ဖို့ တကွက်ပေးလိုက်ပါတယ်... ဘယ်ကမှန်းမသိတဲ့ မီဒီယာ ကောင်မလေး တယောက်ကို ထပ်ထည့်ပေးလိုက်ပါတယ်... သူမက ပြီးတော့ လွှတ်တော်အမတ်တယောက်ရဲ့၊ အဖေနဲ့ စိတ်ဆိုးပြီး စကားမပြောတဲ့ သမီးပါ... ဒါနဲ့ အရင် မီဒီယာက ကောင်မလေးက ပျောက်ချင်းမလှ ပျောက်ပြီး နောက်ကောင်မလေးနဲ့ ရိုတာ တွေကို တခမ်းတနားဆိုတော့ သူနဲ့ပဲ ညားမလားဆိုတော့ တကယ်မချစ်ဘူး... ပထမတယောက်ကို ချစ်လားဆိုတော့ ပျောက်တောင် ပျောက်သွားတယ်... နောက်တော့ မင်းသားက ဟန်ဆောင်ထားတာ ဒုတိယကောင်မလေးက သိသွားတယ်... ဒန်တန့်တန် ဆက်မပြောတော့ပါဘူး... ဘာဆက်ဖြစ်လဲ ထပ်ပြောရင် $ မြင်တွေ ကပ်ကုန်တော့မယ်...

ကောင်းတယ် မကောင်းဘူး ကျွန်တော် မပြောပါဘူး... ကျွန်တော်ပြောသလောက်ကို လက်ခံတယ်ဆို အဲကားလေး ကြည့်ဖို့ ညွှန်းပါတယ်...

Credit : Ganesh Prakash

လေးစားစွာဖြင့်
ကိုထွဋ်






Comments

Popular Posts