Irumbuthari 2018



Irumbuthari 2018 (Hacking)
သံမဏိ လိုက်ကာ

https://m.facebook.com/story.php?story_fbid=2214490082168720&id=2207479972869731


ပထမက ဒီကားလေး ကျွန်တော် ဘာသာပြန်မလို့ဘဲ သူများ ပြန်ပြီးသားလေး ရှိတော့ ဒီတိုင်းလေး ကော်ပီကူးတင်လိုက်တော့တယ်...

နိုင်ငံခြားမှာ သွားရောက် အခြေချဖို့ပဲ အားသန်နေတဲ့ မေဂျာကသီတယောက်ဟာ အဲဒီကိစ္စနဲ့ပဲ တနေ့တခြား ဒေါသတွေ ပိုပိုကြီးလာပါတယ်... နောက်ဆုံး တပ်ကပါ ဒေါသတွေ ထိန်းနိုင်ဖို့ ဆေးကုသမှု ခံယူဖို့ လွှတ်လိုက်ရပါတယ်... ဆေးကုထုံးကလဲ တခြားမဟုတ်ပါဘူး မိသားစုကို အချိန်ပေးပြီး နေဖို့ပါပဲ... တခုပဲ အဲလိုနေတာကို အလီဘိုင်ပြဖို့ ဆရာဝန်က ဖေ့စ်ဘုတ်မှာ နေ့တိုင်း ပို့စ်တင်ခိုင်းပြီး သူက လိုက်ခ်ပေးပြီး စစ်တမ်းကို အတည်ပြုပေးပါတယ်...

ယနေ့ခေတ်မှာဆိုရင် လူတိုင်း လူကြီးလူငယ်မရွေး ဖေ့စ်ဘုတ် စမတ်ဖုန်းတွေ သုံးလာကြပါတယ်... အဲဒါရဲ့ နောက်ကွယ်မှာ ကိုယ့်ထက် ကိုယ်အကြောင်းကို သူတို့တွေက သိလာတယ်ဆိုတာ ပြထားတာပါ... နည်းနည်းတော့ ရှုပ်သွားမယ်ဗျ... ဥပမာ ကိုယ်က အိမ်ကလူတွေ မသိအောင် ပွန်းပေ့ခ်ျကို only me နဲ့ ရှယ်တယ် ဆိုပါစို့... အဲလိုရှယ်တာ ၅ ခါ ၆ခါ ရှိတာ ကိုယ်တိုင်က သတိမထားမိချိန်မှာ ဖေ့စ်ဘုတ်က ခင်ဗျားတို့ News Feed မှာ အဲဒါမျိုးအလားတူတွေ လိုက်ခ် လာလုပ်ခိုင်းတာ ဟာ... ခင်ဗျားတို့ထက် သူက ခင်ဗျားတို့ အကြောင်းပိုသိတယ်လို့ ဆိုလိုတာပါပဲ... ပြီးရင် ဖုန်းမှာ GPS တွေ ပါ တာ အလကားမဟုတ်ဘူးဗျ ခင်ဗျားတို့ တနေ့တာ ဘယ်တွေ ရောက်လဲ မှတ်ထားတာ... ဒါတွေကို ဟက်ကင်းလုပ်တတ်တဲ့သူတွေက ယူလိုက်တာနဲ့ ခင်ဗျား ဘယ်လို လူမျိုးဆိုတာ သိသွားရော...

ဒီကားထဲမှာလဲ မေဂျာကသီက ဖေ့စ်ဘုတ်မှာ ပို့စ်လေးတွေ တင်တာနဲ့ သူ့မိသားစု နဲ့ အိမ်တွင်းရေးပါ ဟက်ကာက ခန့်မှန်းပြီး သူ့ညီမ မင်္ဂလာဆောင် အတွက် ချေးငွေတွေကို ဟက်သွားတာပါ...

ဘာလို့ Kee ထက်မိုက်တယ် ပြောတာလဲ ဆိုရင် ကီးမှာက တချို့ဟာတွေက ဟက်တာ လိုတာထက် ပိုနေတယ်... မဖြစ်နိုင်ဘူး... အခု ဒီကားမှာက ခင်ဗျား ကံစမ်းမဲ အလကားရမယ် ကိုယ်ရေးအချက်အလက်ဖြည့်ခိုင်းရင် ခင်ဗျားတို့ ဖြည့်လိုက်တာကို ၀ယ်တဲ့သူရယ်... ပြီးတော့ လက်မှတ်ကို ဖြတ်ညှုပ်ကပ် လုပ်ပြီး ဘဏ်ကိစ္စတွေမှာ လုပ်သွားတာက ဖြစ်နိုင်ခြေ တော်တော်ရှိပြီး တကယ်လုပ်တဲ့သူသာ ရှိရင် ခင်ဗျားတို့ ကုန်ပြီ မို့လို့ သတိပေးတဲ့ကားလေးဖြစ်လို့ ပိုကောင်းတယ် ပြောတာပါ...

စာရှည်တာကို အဆုံးထိဖတ်ရင် ကျေးဇူးပါ... စေတနာနဲ့ ရေးခြင်းပါ...

ကျွန်တော်တင်သော ရုပ်ရှင်များကို တစုတစည်းတည်း ကြည့်ချင်ရင်တော့ ဂရုကို Join နိုင်ပါတယ်..
https://www.facebook.com/groups/bwloversmyanmar/ (ဘောလီးဝုဒ်ချစ်သူများ ဆိုပြီး ရှိပါတယ်...)

Credit : ကုလားကားများ
Credit : Channel Myanmar

#kohtutbollywoodmovies #Irumbuthari2018 #ironcurtain #requestmovies#linksharemovies #thanatosmovies












Comments

Popular Posts