Deception (2016)



ဥပါယ်တံမျဉ်

အမှန်အတိုင်းပြောရရင် ကျွန်တော် ခုမှ ဖရီးရလို့ ကြည့်ရတာပါ... ခီမောင်နှံ နာမည်ကြီးတာကို လိုက်ယောင်မိရာကနေ တကယ်ကို အရည်အချင်းရှိကြောင်းသိလိုက်ရတာပါပဲ...

ဘယ်ကစလဲ မေးရင် ကားနာမည် ပေးတာက စတာပဲ...


"ဥပါယ်တံမျဉ်" ဆိုတဲ့ နာမည်နဲ့ ဇာတ်လမ်းနဲ့က ဒီထက်လိုက်တာ မရှိတော့ဘူးပဲ...

ဇာတ်လမ်းကြောရိုးက ဟိုဇာတ်လမ်းနဲ့ ဆင်သလို ဒီဇာတ်လမ်းနဲ့ ဆင်သလို ရှိချင်ရှိမယ်... ဒါတွေက ကိုယ်မကြားဖူးတဲ့ အကြောင်းအရာမျိုးဆင်တူတွေ လောကမှာ ဘယ်လောက်တောင် ရှိလဲ ကိုယ်တွေလဲ မသိနိုင်ဘူးရယ်...

ဘာကြောင့်ကြိုက်လဲ မေးရင် စကားလုံးကြီးတွေ တစ်ရစ်ပြီး ကြီးမနေဘူး... အတင်းကြီး ဇာတ်ရှိန်မမြင့်ခိုင်းဘူး... ဇာတ်လမ်းထဲမှာပဲ မျောပြီး မသိလိုက် မသိဘာသာ ဇာတ်ရှိန်မြင့်လာတယ်... သရုပ်ဆောင်တာလဲ အပိုအလိုမရှိကွက်တိပဲ... အကယ်ဒမီပေးရလောက်တဲ့ အိုက်တင်မျိုး ဘယ်သူ့ဘယ်သူမှ မလုပ်ဘူး... ဇောင်းပေးချင်တဲ့ သူကိုသာ ဇာတ်ညွှန်းနဲ့ ပေးလိုက် သေချာပေါက်ရတယ်... ဘယ်သူ့ကို ဇာတ်နာစေချင်လဲ... နောက်ဆုံး အောင်မြင့်မြတ်ကိုတောင် ပေးချင်ရင် "ခင်ဗျား မဆင်းရဲဖူးဘူး"ကို အကယ်ဒမီရှော့ ဒိုင်ယာလော့ပေးပြီး သရုပ်ဆောင်ခိုင်းရင် သေချာပေါက် ဇာတ်ပို့ ရမယ်... ဇာတ်လမ်းကလဲ ချည်ထား ချိတ်ထားတာလေး လှတယ်...

အကြံတခုပဲ ပေးချင်တယ်... ရုပ်ရှင်တကားကို အကုန်မလုပ်ပါနဲ့လို့... ဘာလို့ဆိုတော့ ဟိုဟာလဲ စဉ်းစားရ ဒီဟာလဲ စဉ်းစားရ စစ်ရနဲ့ဆို လိုတာ တခုခု ဖြစ်သွားရင် ပြောစရာ ရသွားမှာစိုးလို့ပါ... ဒီကားထဲမှာလဲ တချို့ လိုတာလေးတွေ တွေ့တယ်... ဒါပေမယ့် မပြောတော့ပါဘူး... ဒါကြောင့် တချို့ဟာလေးတွေ တာဝန်ခွဲလို့ရရင် ခွဲပေးလိုက်ပါလို့...

ခုမှ တ ရေးနိုးတာ ဟီး...

အကြည်ကြည့်စေချင်လို့ :https://openload.co/f/_DWwZ0RSjOE/%E1%80%A5%E1%80%95%E1%80%AB%E1%80%9A%E1%80%B9%E1%80%90%E1%80%B6%E1%80%99%E1%80%BA%E1%80%A5%E1%80%B9_-_MYANMAR_FULL_MOVIES_2019_HD.mp4

အေးဆေး ကြည့်ဖြစ်မှ ပိုပြီး ရသလေး ရမယ်လို့ ထင်လို့ ရှယ်လိုက်တာပါ... ခီမောင်နှံ ခွင့်လွှတ်ပေးပါနော်...

ကြိုက်လွန်းလို့ကုလားကား ဂရုထဲ လာရှယ်လိုက်တာ...

လေးစားစွာဖြင့်
ကိုထွဋ်

#deception #zennkyi #christinakyi


Comments

Popular Posts