#Shivaay# (2016)
{ အစဆုံး (ကြည်) စာတန်းထိုးပြည့် }

အဂျေးဒီဗန် ကိုယ်တိုင် ပရိုဂျူဆာလုပ်ထားတဲ့ ကားပါ... အဂျေးဒီဗန်ဆိုတာနဲ့ ရဲမှူးသားကို သတ်လိုက်ပြီး အစဖျောက်လိုက်တဲ့ အဖေတယောက်အဖြစ် နာမည်ကြီးတဲ့ မင်းသားလို့ တန်းမြင်ကြမှာပါ... ဒီကားလေးက ဖအေနဲ့ သမီးကြားထဲက မေတ္တာကြီးမားပုံကို ဖော်ညွှန်းထားတာပါ... ထူးခြားချက်က ကာလာဆက်တင်တွေ အရမ်းမိုက်ပြီး နိုင်ငံခြားသားတွေများပြီး ရှုတင်အကုန်လုံးက နိုင်ငံခြားမှာချည်းပဲလားလို့ ထင်ရပါတယ်... မတင်ဖြစ်တာ ကြာတာကတော့ အလုပ်ရှုပ်နေတာရော FB က Copy Right ငြိတာရောဆိုတော့ ဘန်းမှာ ကြောက်လို့ပါ... အခုကတော့ မေ့လောက်ပြီထင်လို့ လာတင်ကြည့်တာပါ... ကားကတော့ လုံးဝ အကြည်ပါ... ကာလာဆက်တင်တွေ အပြည့်ခံစားလို့ရပါတယ်... ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ရေခဲတောင်မှာပဲ နေနေတဲ့ ရေခဲအသည်းနှလုံးကို နိုင်ငံခြားသူတယောက်က လာအရည်ပျော်စေတာက စတာပါပဲ... အချိန်တန်တော့ အိမ်ပြန်ချိန်မှာ သမီးဖြစ်သူကို ဖခင်နဲ့ ထားခဲ့ပါတယ်... သမီးလေးကလဲ ကရုဏာသက်စရာ ဆွံ့အ... အရွယ်ရောက်လာတော့ မအေနဲ့ တွေ့ချင်တယ်ဆိုတော့ မိတဆိုးလေးလို ဖြစ်နေတဲ့ သမီးကို အမေရှိရာ နိုင်ငံခြားကို လိုက်ပို့... ကံဆိုးချင်တော့ ကလေးခိုးဂိုဏ်းက ကလေးကို ခေါ်သွား... ဘာသာစကားက အဆင်မပြေရတဲ့အထဲ ကလေးကပါ အခိုးခံရ... ကလေးသူခိုးအဖြစ်နဲ့ အစွပ်စွဲခံရ ထောင်ကျ... လူဆိုးဂိုဏ်းတွေကလဲ ထုံးစံအတိုင်း အစိုးရအရာရှိတွေထဲ ပါတော့ ပိုဆိုးတာပေါ့... နောက်ဆုံး ကယ်ရလို့ ပြန်မယ်ဆိုတော့ လူကြမ်းတယောက်ရှိမှာထက် သမီးလေး ရှေ့ရေးအတွက် မိခင်ဖြစ်သူဆီမှာ ထားခဲ့တဲ့ အခန်းဆို မျက်ရည်ပါကျတယ်... တော်တော်လေး ဇာတ်နာပြီး အချစ်အကြမ်းအလွမ်းတွေ ပီပြင်လွန်းအားကြီးလို့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဗျာ...

ရုပ်ရှင်ကြည့်ရန်လင့်
https://www.facebook.com/daddy.htut/videos/1939939029569852/

Video Credit: Channel Myanmar

လေးစားစွာ့ဖြင့်
ကိုထွဋ်

Comments

Popular Posts