#Sanam Teri Kasam(မင်းဟာ ငါ့အချစ်ဆုံးပဲဆိုတာ ကျိန်ဝံ့တယ်)# (2016)
{ အစဆုံး (ကြည်) စာတန်းထိုးပြည့် }

Review အများကြီး မပြောတော့ပါဘူး... သိပြီးသား နာမည်ကြီးပြီးသားပဲ မကြည့်ရသေးတဲ့ သူတွေ အတွက် တင်ပေးလိုက်တာပါ...
တက်တူးထိုးထား ထောင်ထွက်ဖြစ်တိုင်း လူကြမ်းလို့ မထင်လိုက်ပါနဲ့... ချစ်တဲ့ နုလိုက်တာတော့ ပြောမနေနဲ့...
တခုပဲ ၂ ခေါက် ပြန်ကြည့်ပေးဖို့ပဲ... တခေါက်က ရုပ်ရှင်ကား အရသာခံစား... နောက်တခေါက်က အချိတ်အဆက်နဲ့ အသေးစိပ်ကို ဘယ်လိုလေးတွေ ဇာတ်ညွှန်းရေးထားတယ် ဇာတ်အိမ်ဖွဲ့ထားတယ် ဒါရိုက်တာ ညွှန်ကြားထားလဲ ကြည့် တော်တော်လေးကို ကောင်းတာ အာမခံတယ်...

#Harshvardhan Rane#

ဒီတပတ်တော့ ပွဲဦးထွက် သူနဲ့ စရမယ်... ဒီဂရုထဲ တင်တာမြင်ဖူးတယ်... အဲကတည်းက စိတ်ဝင်စားနေတာ... ဒီမနက်မှ သူ့ပုံတွေ၊ အကြောင်းတွေ ဖတ်ကြည့်လိုက်တော့ ၂၀၁၀ ကမှ ရုပ်ရှင်လောကထဲ ၀င်လာတယ်... ၀င်ဝင်ချင်း Thakita Thakita(2010) ကားနဲ့ လူသိများလာတယ်... ပြီးတော့ Prema Ishq Kaadhal(2013) Anaamika (2014) ... ရိုက်ခဲ့တဲ့ ကားတွေကတော့ ဘောလီးဝုဒ်ကားတွေတော့ မဟုတ်ဘူး Telegu Cinema တွေအတွက်ပဲ ရိုက်ခဲ့တာ... ဘောလီးဝုဒ်ခြေလှမ်းအစကိုတော့ သရုပ်ဆောင်ဘ၀ကနေ ပရိုဂျူဆာဖြစ်လာတဲ့ ဂျွန်အေဗရာဟမ် ရဲ့ Satra Ko Shaadi Hai [Translation: There's a wedding on 17th] ကားမှာ စတင် သရုပ်ဆောင်ပါတယ် အဓိက မင်းသားနေရာတော့ မဟုတ်ခဲ့ပါဘူး... Sanam Teri Kasam (2016) ကားကတော့ ဘောလီးဝုဒ်မှာ သူ့ရဲ့ ပွဲဦးထွက် ခေါင်းဆောင်မင်းသားကားပါ IMDb 7 ရထားတဲ့ အောင်မြင်တဲ့ကားတကားလို့ ဆိုရပါမယ်... ပြောရရင်တော့ သူ့လဲ ဘောလီးဝုဒ်ကို ချက်ချင်းခြေလှမ်းမစခဲ့ရပေမဲ့ ခေသူမဟုတ်... ရောက်တော့လဲ ရောက်ချင်းပဲ Rate အမြင့်ရထားတယ်ဆိုတော့ တောက်မယ့်မီးခဲ ရဲပေဦးမည်...

ရုပ်ရှင်လင့်
https://www.facebook.com/daddy.htut/videos/1900037566893332/

သီချင်းကို မြန်မာစာတန်းထိုး
https://www.facebook.com/daddy.htut/videos/1979365368960551/

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Post a Comment

Popular Posts