#Orange Movie# (2010)
{ စဆုံး (ကြည်) စာတန်းထိုးပြည့် }

(Ram Charan ရဲ့ ဇာတ်ကားတွေထဲက နှစ်သက်တဲ့ ဇာတ်ကား... ကျွန်တော် ဒီဂရု မထောင်ခင် ကုလားကားကြိုက်သူများမှာ ပထမဆုံး Movie Review ရေးတဲ့ ရုပ်ရှင်ကားပါ...)
တသက်တာအချစ်ကို မယုံတဲ့ကောင်လေး... သူ့ကိုယ်သူ ကမ္ဘာမှာ အချစ်တတ်ဆုံး ယောကျာင်္းအဖြစ် သတ်မှတ်ထားတယ်...
ချစ်သူရရင်တောင် အရင် EX ကို ခေါ်ပြရဲတယ်... ရည်းစားလဲ ကိုးယောက်လောက်ကို ထားဖူးတယ်... ၄တန်းကျောင်းသားကတည်းက ဆရာမကို ချစ်တယ်လို့ ပြောရဲတယ်... ချစ်ရမယ်ဆို ဘယ်လောက် အခက်အခဲရှိရှိရအောင် ချစ်ပြီး... ပစ်ရမယ်ဆိုလဲ ဘယ်သူတားတားမရတဲ့ ကောင်လေး...
နောက်ဆုံးမှာတော့ သူဟာ ကိုယ့်ကိုယ်ကို ပိုချစ်နေမှန်းသိသွားသောအခါ... သူချစ်တဲ့ ဂရပ်ဖတီ၊ ဆေးလိပ်၊ မိန်းကလေးသူငယ်ချင်းတွေနဲ့ မက်ဆစ်အပြန်အလှန်ပို့တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာတွေကို ရပ်ပစ်လိုက်လား... သူ့ကောင်မလေးကရော ရပ်ပစ်စေချင်လား...
ကြာပါပြီ ၂၀၁၀ က ထွက်ထားတဲ့ Ram Charan(ဘိုင်ရာဗား) မင်းသားရဲ့ Orange(အချစ်နဲ့ ၀ိရောဓိကြားထဲက အရောင်) ရုပ်ရှင်ကားလေး ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်...

#ကိုယ့်ကိုယ်ကိုချစ်နည်း#
ဘ၀ဟာ လွတ်လပ်တယ်၊ ပေါ့ပါးတယ်၊ တခုပဲရှိတယ်...
ဒါပေမဲ့ တယောက်တည်းတော့ ရှင်သန်ဖို့ မဖြစ်နိုင်ဘူး...
ဒါကြောင့် ရှင်သန်ဖော်ကို အခွင့်အရေးတွေပေးတာ ကိုယ့်ကိုယ်ကို ချစ်ရာရောက်ပါတယ်...
မူဗွီခွက်ဒစ်ကတော့ Gold Channel Myanmar ကပါ...

ရုပ်ရှင်ကြည့်ရန်လင့်
https://www.facebook.com/daddy.htut/videos/1961239667439788/

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts