Luck (2009)

Luck (2009)
ကံ (စာတန်းမထိုးပါ)

https://www.facebook.com/asmdkhalid/videos/2017192195239957/


လွန်ခဲ့သော ၁၀ နှစ်တုန်းက ဘောလီးဝုဒ်က အရမ်း ခေတ်မမှီသေးပေမယ့် ဒီကားကတော့ ဟောလီးဝုဒ်ကို မှီတဲ့ ကားလို့ ပြောရမယ်...

ကိုယ့်ကိုယ်ကို ဘယ်လောက် ကံ ကောင်းနိုင်မယ် ထင်လဲ... မျက်လုံးကို အ၀တ်စည်းပြီး ရထား ၄ စင်းလောက် တပြိုင်နက်ထဲ လာတာကို မနားတမ်း ဖြတ်ပြေးလို့ လွတ်တာနဲ့ ကံ ကောင်းပြီထင်လား... လူဆိုတာ ကိုယ့်ကိုယ်ကို အတော်ဆုံးလို့ အထင်ကြီးကြတာပါပဲ... အဲလို အထင်ကြီးပါတယ် ဆိုတဲ့ သူတွေ အတွက် မက်လုံး ကောင်းကောင်းပေးပြီး ပြိုင်ပွဲတွေကိုတော့ ကံ အကောင်းဆုံး ပုဂ္ဂိုလ်ကြီးတယောက်က ကြီးမှူးပါတယ်...

ပထမဆုံး တရက်မှာတင် ဖျားလို့ရတယ်... သေနတ်မှာ ကျည်တတောင့်ပဲထည့်ပြီး ဆုံလည်ကို လည်ရပါမယ်... ပြီးရင် ဘေးက လူရဲ့ နားထင်ကို ထောက် ကိုယ့်ကိုလဲ သူများက ထိုနည်းအတိုင်း ထောက်၊ အချက်ပေးတာနဲ့ ပစ်ပေါ့... ကိုယ့်ကျည်က ထွက်သလို သူ့ကျည်ကလဲ ထွက်ရင် ၂ ယောက်လုံး သေပေါ့... ဒါက အစပဲ ရှိသေးတယ်...

ကျန်တာကတော့..........

မြန်မာစာတန်းထိုးပြီးသား ရှိပါတယ်... လိုချင်ရင်တော့ မန့်ခဲ့ပေါ့...
ကုန်ကြမ်းတွေ လိုင်းပေါ် ကုန်နေလို့ အိမ်ဖြည့်ပေးချင်လို့ပါ...

မင်းသမီးတယောက်ကလဲ ၁၀ နှစ်အတွင်း မမှတ်မိလောက်အောင် ပြောင်းသွားတာ အံ့သြစရာပဲ...

Credit : A S Md Khalid

လေးစားစွာဖြင့်
ကိုထွဋ်





Comments

Popular Posts