Lafangey Parindey (2010)

Lafangey Parindey (2010)
အရိုင်းဌက်

https://www.facebook.com/khwee.htut.73/videos/128363381726012/

လွန်ခဲ့သော ၃ နှစ်ကတည်းက ကျွန်တော် အညွှန်းရေးတာပါ... ဘာသာပြန်တာကတော့ လွန်ခဲ့သော ၈ နှစ် ၉ နှစ်ကတည်းကပါ... ဒါလေးက ကျွန်တော့်ရဲ့ အရင်က လက်ရာလေးပါ...


အရိုင်းဌက်လို့ ဘာသာပြန်မလား ဂူဂယ်မှာတော့ အဲလိုရေးထားသလားပဲ... မင်းသားက Neil Nitin Mukesh ဒီကားမှစမြင်ဖူးတာ (နန်ဒူး) ... ဘောလီးဝုဒ် ထုံးစံအတိုင်း ရုပ်ရည် ဘော်ဒီအပြင် အသားအရည်လဲကောင်းတယ်... တွေ့တွေ့ချင်း သဘောကျတဲ့ မင်းသားထဲ သူလဲပါတယ်...မင်းသမီးက ဒီပီကာ(Pinky)...

ထွေလာမှာတော့..

"တယောက်က အရိုင်းဆန်တယ်...
တယောက်က မျက်မမြင်...
တယောက်က တိုက်ခိုက်ဖို့ မွေးဖွားလာတယ်...
တယောက်က ပျံသန်းဖို့...
ထူးခြားတဲ့ ကံကြမ္မာက ဆုံဆည်းဖို့ ဖြစ်လာတယ်...
တယောက်က မြင်တတ်လာအောင် သင်ပေးတယ်...
တယောက်က အချစ်ဆိုတာကို သိလာအောင် လမ်းညွှန်ပေးတယ်...
ဒါပေမယ့် အချစ်ဟာ တန်ကြေးတခုဖြစ်လာတဲ့ အချိန်မှာတော့"... ဆိုပြီး ညွှန်းထားပါတယ်...

တချက်ထိုး နန်ဒူးနာမည်က အလကားရထားတာ မဟုတ်... တဖက်လူကို မျက်လုံးအဝတ်စည်းပြီး ချက်ကောင်းကို ထိုးနိုင်လို့... ဘဝကို ကြိုးဝိုင်းထဲမှာပဲ ကြီးပြင်းလာသူ... ဘဝရည်မှန်းချက်ကြီးကြီးမားမား မရှိ... အချစ်ဆိုတာ ဝေလာဝေး...

တနေရာမှာပဲ ရပ်နေပြီး တိုးတက်မှုမရှိတာကို မနှစ်သက်သူ... သူ့ရဲ့ကျွမ်းကျင်မှုက တချိန်မှာ သာမန်ဘဝကနေလွှတ်မြောက်ဖို့ Passport တခုလို့ အိမ်မက်နေသူ... မိသားစုစားဝတ်နေရေးကို ဝါသနာပါတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူ... စကိတ်စီးရင်း ကပြမှုနဲ့ သာမန်ဘဝကနေ ရုန်းထွက်နေသူက Pinky...

သူတို့ကို ဆုံဆည်းစေတာက ကြမ္မာဆိုးတခု... နန်ဒူးက ဘဝတည်ဆောက်မှုကို သင်ယူမှာလား... ပင်ကီကရော ဘဝကို အရှုံးပေးပြီး ရည်မှန်းချက်တွေ ပျက်စီးမှာလား... သူတို့ကြား အချစ် ဘယ်လို ပေါက်ဖွားလာမလဲ... ဒါကိုရော ဘယ်လိုတည်တံ့အောင် ထိန်းသိမ်းလဲ... ဇာတ်သိမ်းက လွမ်းမှာလား ? ချစ်မှာလား ? ဆိုတာကတော့ ၂၀၁၀ က ထွက်ခဲ့တဲ့ ဒီကားလေးကို ဝယ်ယူကြည့်ရှုကြပါလို့ ...  စာတန်းထိုးလဲ မှန်နေပါပြီ၊ ကြည်လဲ ကြည်ပါပြီလို့ သတင်းကောင်းပါးလိုက်ရပါတယ်...

ဆိုင်ကယ်စီးစတန့်တွေ၊ အထိုးအကြိတ်ခန်းတွေ၊ စကိတ် အလှစီးပြခန်းတွေ နဲ့ ဒီကားလေးက တကယ်ကိုမိုက်ပါတယ်... ဆိုတာပြောရင်း Movie Review လေး အဆုံးသတ်ပါရစေ...

ဒါလဲ မြန်မာစာတန်းထိုး ရှိတာပဲ... ထုံးစံအတိုင်း မန့်ထားပေါ့...

လေးစားစွာဖြင့်
ကိုထွဋ်







Comments

Popular Posts