#Yevadu# (2014)
သူက ဘယ်သူလဲ???
{ အစဆုံး (ကြည်) စာတန်းထိုးပြည့် }

ဒီကားလေးက ၁၉၉၇ ခုနှစ်လောက်က ဂျွန်ဝူး ရိုက်တဲ့ Face Off ကားလေးကို အိုင်ဒီယာ အနည်းငယ် မှီငြမ်းထားတယ်လို့ ဆိုထားပါတယ်... အဲတုန်းကလဲ ဂျွန်ထရာဗိုတာ နဲ့ နီကိုးလက်စ်ကေ့ခ်ျကို ဘယ့်သူ ကြိုက်ရမှန်းကို မသိဖြစ်ခဲ့ရတာ... နှစ်ယောက်စလုံးက သရုပ်ဆောင် အရမ်းကောင်းတော့ လူဆိုးဆိုပေမဲ့ နီကိုးလက်စ်ကေ့ခ်ျကို ကြိုက်ခဲ့တယ်ဗျ... ထားပါ...
အခုဒီကားလေးကလဲ မင်းသားကျော်ကြီး ရန်ချရမ် နဲ့ သူ့အကို အာလူအာဂျွန်တို့ နှစ်ယောက် အပြင်ကို ကာဂျယ် အေမီဂျက်ဆင် ရှုတီဟာဆန် စတဲ့ မင်းသမီး ဒိတ်ဒိတ်ကြဲ ၃ ယောက် တပြိုင်တည်းပါတဲ့ ကားလေးပါ...
အစပိုင်းမှာတော့ အာလူ နဲ့ ကာဂျယ်တို့က သူငယ်ချင်းမက ရည်းစားလဲ မကျ ပေါ့... ဒါကိုမှ လူဆိုးခေါင်းဆောင်က ကြိုက်လို့ နှောက်ယှက်ရာက ထွက်ပြေးရင်း ခရီးသွားကားပေါ်မှာ ပိတ်မိပြီး နှစ်ယောက်လုံး အသတ်ခံလိုက်ရပါတယ်... ရှင်သန်ချင်စိတ်ပြင်းလွန်းတဲ့ စိတ်နဲ့ အာလူက ရှင်သန်လာပေမဲ့ ၇၀ % ကျော် ပျက်စီးသွားတဲ့ ကိုယ်အင်္ဂါ နဲ့ မျက်နှာအတွက်ကို တယောက်သောသူရဲ့ မျက်နှာကို တပ်ပေးခဲ့ပါတယ်... သူကလဲ တဖက်မှာ သူများအကျိုးလိုလားတဲ့ ပရဟိတ သမားလေးပါ... သို့သော် မနှစ်မြို့သူ တယောက်ရဲ့ လက်ချက် နဲ့ အသက်ဆုံးရှုံးခဲ့ရပါတယ်...
ဇာတ်လမ်းက Intermission အပိုင်းအခြားမှာ ၂ ပိုင်း သပ်သပ်စီကွဲနေပါတယ်... မျက်နှာတခုစီရဲ့ ဇာတ်လမ်းတွေကို အပြီးလိုက်သတ်ထားပါတယ်... ဘယ်လိုပဲ ပြောပြော ကြည့်ရတာတော့ တန်တယ်လို့ ပြောလို့ရပါတယ်... တကားထဲမှာ မင်းသား ၂ ယောက် မင်းသမီး ၃ ယောက်ကို တပြိုင်နက်တည်း ကြည့်ရတာမို့ ကြည့်သင့်တယ် လို့ တိုက်တွန်းပါရစေ... ဇာတ်လမ်းတွေ အကတွေကလဲ မပျင်းရအောင် ပံ့ပိုးပေးထားပါတယ်... IMDb Rate လဲ 5.2 ဆိုတော့ မဆိုးပါဘူးပဲ ပြောပါရစေ...

ရုပ်ရှင်လင့်
https://openload.co/f/Hja8O2ABgws/Yevadu_-_Ramcha_Ran.mp4

လေးစားစွာဖြင့်
ကိုထွဋ်

Comments

  1. ROBOT ကားလေး ရရင် ကြည့်ချင်တယ်ဗျာ

    ReplyDelete
  2. 2019 တုန်းက comali ဆိုတဲ့ရုပ်ရှင်လေးတင်ပေးပါဉီး brother

    ReplyDelete

Post a Comment

Popular Posts