#Munna Micheal# (2017)
{ အစဆုံး (အရမ်းမကြည်) စာတန်းနည်းနည်းလို }

မိုက်ကယ်ဆိုတဲ့ Dancer တယောက် ခေတ်မကောင်းတော့လို့ စိတ်ညစ်ညစ်နဲ့ အိမ်အပြန်လမ်း မိုးတွေကလဲ ရွာနေချိန် ကလေးအော်သံကြောင့် လိုက်ကြည့်တော့ လူမမယ်အရွယ်လေး စွန့်ပစ်ထားတာကို သနားလို့ အိမ်ခေါ်လာခဲ့ပါတယ်... ကလေးငိုသံ အူဝဲလို့ မကြားဘဲ မွန်နား လို့ ကြားပြီး မွန်နား မိုက်ကယ်ရဲ့သားမို့ မွန်နားမိုက်ကယ်ဆိုပြီး ဖြစ်လာပါတယ်... မွေးစား ဖအေဖြစ်သူရဲ့ အမွေကို ငယ်ငယ်လေးက ဆက်ခံခဲ့ပါတယ်... အသက်အရွယ်နည်းနည်းရလာတော့ ကလပ်တွေမှာ အကလိုက်ပြိုင် လောင်းကြေးတွေ ယူရာက နောက်ပိုင်း ကလပ်တွေက ၀င်ခွင့်ပိတ်လိုက်လို့ စိတ်ညစ်ညစ်နဲ့ ဒေလီကို တက်လာခဲ့ပါတယ်... အဲမှာလဲ ထုံးစံအတိုင်း အကပြိုင်ပြီး နိုင်တဲ့ ပိုက်ဆံပြန်ပေးပေမဲ့ တဘက်က ရန်ရှာတဲ့အခါမှာတော့ လက်စွမ်းနည်းနည်းပြလိုက်ပါတယ်...

 ပြောရရင်တော့ တိုက်ဂါးဖန်တွေအတွက်တော့ ရေငတ်နေတုန်း ရေတွင်းထဲ ကျပေါ့... တကယ်တကယ့်ကျတော့ ဇာတ်လမ်းလဲ အရမ်း မရှိပါဘူး... ဖိုင်တင်ကတော့ နဂိုကတည်းက သဘောကျတော့ ဘယ်လိုချချကောင်းပါတယ်... အကကားဆိုတော့ မျှော်လင့်ထားတာက ABCD တို့လို အဖွဲ့လိုက် လူစုတာတို့ တဦးချင်းစီ Performance တို့ အဖွဲ့လိုက် ပြိုင်တာလဲ အကြိတ်အနယ်လို့ ထင်ထားတာပါ... ဒါကြောင့် ထင်ပါတယ် IMDb Rate လဲ 3.5 ပဲ ရပါတယ်... တယောက်တည်း သီးသန့် တကိုယ်တော် က တာတွေကတော့ မိုက်ပါတယ်... ဘော်ဒီလဲ အရင်ကထက် ပိုပြတ်သားပြီး မိုက်လာတာတော့ ငြင်းမရပါဘူး...

တိုက်ဂါးရဲ့ ဖန်တွေထဲမှာ ကျွန်တော်လဲ ပါပါတယ်... Flying Jatt ကတော့ တခြားဒါရိုက်တာ ရိုက်လို့ သိပ်မကောင်းခဲ့တာ လက်ခံပေမဲ့ ဒီကားက Hero Panti Baaghi တို့နဲ့ ဒါရိုက်တာ အတူတူပဲကို ဘာလို့ ထင်သလောက်မကောင်းလဲ စဉ်းစားမရပါဘူး... ကျွန်တော်ပြောသလို ဟုတ် မဟုတ်ကို ကြည့်ရှုပြီး ဝေဖန်ပေးကြပါဦး... ကျွန်တော်ကတော့ ကောင်းရင် ကောင်းတယ် မကောင်းရင် မကောင်းဘူး ဒဲ့ ပြောတတ်တော့ အမှားပါရင် ကြို တောင်းပန်ပါတယ်...

https://openload.co/f/1MxUhuyXpHI/Munna_Michael_By_Bollywood_Lovers_Myanmar.mp4

လေးစားစွာဖြင့်
ကိုထွဋ်




Comments

Popular Posts