My Enemy Is My Strength(Dhruva) 2016







#My Enemy Is My Strength ဒရူဝါး# (2016)
{ အစဆုံး (ကြည်) စာတန်းထိုးပြည့် }

ရည်မှန်းချက်ကြီးပြီး အရမ်းအောင်မြင်တိုးတက်ချင်လွန်းတဲ့အခါ လားရာလမ်းကြောင်းတွေ တခါတရံ သွေဖီသွားတတ်ကြပါတယ်... အဝိဇ္ဇာဖုံးလွန်းသွားတယ်ဆိုမလား ဖခင်အရင်းအဖြစ်တောင် မမြင်နိုင်တော့ဘူး ဖြစ်သွားပါတယ်... သူသွားမယ့် လမ်းကြောင်းမှာ အဟန့်အတားဖြစ်နေရင် ဖယ်ရှားဖို့ လက်မတွန့်သူက "ဆစ်ဒါး"... သေးငယ်တဲ့ရွာလေးကနေ ဆယ်ကျော်သက် အရွယ်ကတည်းက အမြော်အမြင်ကြီးစွာ တကောင်ကျွေး တကောင်စားပြီး နိုင်ငံအသိအမှတ်ပြု ပညာရှင်တယောက်အဖြစ် ပေါ်ထွန်းလာခဲ့တယ်... အတွေးတချက်မှားသွားတာနဲ့ ဘဝပါ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်... "နာမည်ပျက်နဲ့ အသက်ရှင်နေမယ့်အစား သေသွားတာမှပိုကောင်းတယ်လို့ " ဆိုတဲ့ "ဆစ်ဒါး"...

တဖက်မှာလဲ အထူးစုံစမ်းစစ်ဆေးရေး သင်တန်းမပြီးဆုံးခင်ကတည်းက စစ်ဆင်ရေးတွေကို သွေးသောက်ညီအစ်ကိုတွေနဲ့ လှို့ဝှက်ဆောင်ရွက်နေသူက "ဒရူဝါး"... မထင်မှတ်ထားတဲ့ အမှုကွင်းစလေးတခုကနေ အသက်အန္တရာယ်ကို ကြီးကြီးမားမား ရန်ရှာခံရတဲ့ အထိ စစ်ဆင်ရေးတခုကို ဆောင်ရွက်နေရပါတယ်... တာဝန်နဲ့ ချစ်ရတဲ့သူဆိုရင် ပစ်မှတ်ကို ချစ်သူကိုပါထားဖို့ ဝန်မလေးသူ သစ္စာတော်ခံ ပြည်သူ့ရဲတယောက်... သွေးသောက်ညီအစ်ကို ဆုံးရှုံးလိုက်ရပေမဲ့ ရန်သူဆိုသော်ငြားလဲ ပညာရှင်ကို တန်ဖိုးထားတတ်သူ... ရန်သူဘက်က နည်းပညာ အသာစီးရပေမဲ့ ဘယ်လို တန်ပြန်တိုက်စစ်ဆင်လဲဆိုတာကတော့...

ဒီကားလေးမှာ ထူးခြားတာက လူဆိုးကို မင်းသားနဲ့ အပြိုင် ကာရိုက်တာ တည်ဆောက်ထားတာပါပဲ... လူဆိုးဆိုပေမဲ့ တိုးတက်ချင်လွန်းအားကြီးလို့ ဖြစ်သွားရတယ် ဆိုရမယ်... ပြီးတော့ ကိုယ်ထဲမှာ မြုပ်ထားတဲ့ ခြေရာခံစနစ်လေးကလဲ မမြင်တာကြာတဲ့ ဇာတ်ကွက်မျိုးပဲ... ရုပ်ရှင်ကားရဲ့ နာမည်ကိုက "ငါ့ရန်သူက ငါ့ရဲ့ခွန်အား"ဆိုတာ ရန်သူဖြစ်ပေမဲ့ တဖက်မှာ တိုင်းပြည်အတွက်ပြန်လည် အသုံးချလို့ရရင် နိုင်ငံအတွက် ခွန်အားတရပ်လို့ ရည်ညွှန်းတယ် ထင်မိပါတယ်ဆိုတဲ့ အကြောင်း အညွှန်းလေးရေးတင်လိုက်ပါတယ်ဗျာ...

ဒေါင်းရန် လင့်
https://my.pcloud.com/publink/show?code=XZ8WXvZW2n7UUymERJWFqjhjGUzw0WTl7Cy

တိုက်ရိုက်ကြည့်ရန် လင့်
https://www.facebook.com/prettyguyy/videos/1566234573448103/

လေးစားစွာဖြင့်
ကိုထွဋ်




Comments

Popular Posts