ကျေးဇူးအများကြီးတင်ပါတယ်... ကျွန်တော်က ရုပ်ရှင်ကားတင်ပြီးရင် တင်ရကျိုးနပ်ချင်တာဗျ... လိုက်ခ်တာ ရှယ်တာထက် ကြည့်ရှုသူဦးရေများတာ ပို ကြိုက်တယ်ဗျ... ဒေါင်းလို့ အဆင်မပြေသူတွေ ဒေါင်းရင်လဲ ကားမကောင်းရင် အလကားပဲ... နမူနာကြည့်ပြီး မကြိုက်ရင်ကျော်သွားတာကို ဖြစ်စေချင်တာ... ဘေလ်ကုန်ရကျိုးနပ်စေမယ့် ကြည့်ပြီးရင် ရသတခုခု၊ မက်ဆစ်တခုခု၊ စိတ်အပန်းပြေမှုတခုခုရစေချင်တဲ့ ဆန္ဒက ပိုပါတယ်... ကားကောင်းရင် ကားသစ်ဆို ပုံနဲ့အညွှန်းတင်မယ် သတင်းတွေ တင်ပေးမယ်... ထွက်ပြီးသားစာတန်းထိုးဆို တကယ်ကို ကြည့်တယ် ကြိုက်တယ်ဆိုရင် အညွှန်းရေး ပို့စ်တင်မယ်... ကျွန်တော်ကြိုက်ပေမဲ့ လူတိုင်းက ကြိုက်ဦးမှကိုးဗျ... အဓိကပြောချင်တာကတော့ ဂရုကို စလုပ်တုန်းက သူများဂရုမှာ တင်ထားတဲ့ ပို့စ်လေးတွေ မပျောက်စေချင်တာက စတာပါ... နောက် ဘာဟူဘလီ အပိုင်း ၂ ထွက်ပြီး လူများလာပြီး အပေါ်ကစိတ်ကူးလေးနဲ့ စိတ်နစ်ပြီး ဆက်လုပ်လာလိုက်တာပါ... ဒီလောက် မန်ဘာတွေရလာမယ်ဆိုတာ အိမ်မက်တောင် မမက်ဖူးပါဘူး(တခြားဂရုတွေနဲ့ ယှဉ်ရင်တော့ သေးသေးလေးပါ... ဒါပေမဲ့ တအားပျော်ပါတယ်)... ဒီအတွက်လဲ အားလုံးအားလုံးကို အထူးကျေးဇူးတင်ပါတယ်... ပို့စ်တွေ ရှယ်ခွင့်ပြုပေးသော ဂရုတွေကိုလဲ အထူးကျေးဇူးတင်ပါတယ်ဗျ... အဲဒီဂရုတွေကြောင့်ပဲ ကျွန်တော့်ကို လူသိလာရတာကိုး... မျက်စိနောက်ခဲ့ကြရင်လဲ တောင်းပန်ပါတယ်... ကျွန်တော်တင်တဲ့ ပို့စ်တွေမှာ လိုတာပိုတာရှိခဲ့ရင်လဲ ခွင့်လွှတ်ပေးကြပါနော်... အားလုံးကို အထူးအထူးကျေးဇူးတင်လျက်ပါ... ဆက်လက်ပြီးလဲ အားပေးကြပါဦးနော်...

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts