မြန်မာ ဗားရှင်း ပြောင်းကြစို့...

မြန်မာ ဗားရှင်း ပြောင်းကြစို့...
>>>>>>>>>>>>>>>>>>>>


ဒီရက်ပိုင်း ကြည့်လိုက်တဲ့ကားတွေက ကုလားမင်းသား မင်းသမီးလို့ မမြင်ဘဲ မြန်မာတွေ သရုပ်ဆောင်နေတယ်လို့ မျက်လုံးထဲ မြင်မိနေတယ်... အိုဗာတင်းတယ် ပြောပြော သူတို့ချတာတွေက အသားကျနေပြီ... ဒါတွေ ကြည့်ချင်လို့ကို ကြည့်တာ... အခုတော့ ဖန်စီ ရိုမန့်တွေနဲ့ လွန်းထားထား၊ ပုညခင် စတိုင်လ်တွေ လာတွေ့နေတယ်...
ကျွန်တော်ပြောတာ ဟုတ်/မဟုတ် အဲဒီကားတွေကို ဝေဖန်ထားတာ သွားကြည့်... တချို့ကားတွေဆို ဒီကားသွားကြည့်မယ်ဆို အိမ်မှာ ဦးနှောက်ထားခဲ့ဆိုတာမျိုးပါ ပြောတာ...


Mr. Majnu (2019)
-----------------------


https://www.facebook.com/545375369288930/videos/2099346110158488/


အရင်က နိုင်နိုင်း နဲ့ မောင်မောင်ဦး(စနိုးဝှုက်)တို့ ရိုက်တဲ့ ၂ အိမ်ထဲ ပတ်ချာပြီးတဲ့ ကားလိုပဲ မြင်နေရတယ်... အဲထက်တော့ နည်းနည်းပိုတာ ၀န်ခံတယ်...
ခုခေတ်တော့ ကောင်းပြည့် နဲ့ ချမ်းမီမီကို ကို ရိုက်ခိုင်းရင် ကောင်းမလားလို့ မြန်မာ ဗားရှင်းနဲ့လေ... ဗလလဲ တောင့်တယ်၊ ရုပ်လဲ ဖြောင့်တယ်၊ အရပ်လဲ ရှည်ကြတယ်...


Credit : ကုလားကားများ


Sita (2019)
---------------


https://www.facebook.com/432135237328169/videos/506768783198147/


ဒီကားကလဲ အရင်က စိုးမြတ်သူဇာကြီးက ပွဲစားလုပ်ပြီး အာကြမ်း လျှာကြမ်းကြီးကိုမှ ကျော်ရဲအောင်က မခုတ်တတ်တဲ့ ကြောင်ပုံစံနဲ့ အူလည်လည်လုပ်ထားတဲ့ ဖန်တရာတေ ဇာတ်လမ်းနဲ့ ဆင်တယ်... ဆက်တင်တွေကတော့ စီတာက ပိုကောင်းပါတယ်...
ခုခေတ်ဆို အွန်ဆိုင်းကို နည်းနည်းလေး ကြမ်းခိုင်းပြီး ထူးအောင်ကို ကြောက်တတ်တဲ့သူလိုမျိုး သရုပ်ဆောင်ခိုင်းမယ်လေ... ကုမ္ပဏီလုပ်ငန်းရှင် ဘောစိ ခပ်စွာစွာဆိုတော့ အွန်ဆိုင်း နဲ့ လိုက်မှာပါ... ထူးအောင်ကလဲ လှုပ်လီလှုပ်လဲ့လို သရုပ်ဆောင်ခိုင်းပြီး အက်ရှင်ကျမှ ဗလထုတ်ပြလိုက်မယ်...


Credit : ကုလားကား


Savyasachi (2019)
-------------------------


https://youtu.be/0u1H9Z__bW4


ဒီလို ဇာတ်ရုပ်ကတော့ နေတိုး ထက် ခန့်စည်သူက ပိုလိုက်တယ်... ချတာတွေကတော့ ရီရ ပေါတောတောဖက် ပိုတော့ ရောက်သွားမှာပေါ့...
သေချာတာကေတော့ နေတိုးဆိုရင် အခုကုလားမင်းသားထက် ပိုမိုက်မှာ သေချာတယ်... မင်းသမီးကိုတော့ အိန္ဒြာကျော်ဇင်သာ ထည့်လိုက် လုံးဝ ကွက်တိပဲ... ဒီကားကတော့ ဘန်းကြလို့ ယူကျူလင့်ပဲ ပေးထားလိုက်တယ်...


ဘယ်လိုလဲဗျ... အဲလိုပြောတော့ ကျွန်တော့်ကို အမြင်ကပ်သွားပြီလား... အမှန်တိုင်း ခံစားရတာ ပြောတာပါဗျာ... ဘယ်သူ့ ဘယ်သူကိုမှ မထိခိုက်ပါဘူး...


အပိုထပ်ဆောင်းကိုတော့ ရုပ်ရှင်ကားလင့်လေးတွေ ထည့်ပေးထားတယ်... :D :P ;P


ကျွန်တော်တင်သော ထွေလာများကို တစုတစည်းတည်း ကြည့်ချင်ရင်တော့ ဂရုကို Join နိုင်ပါတယ်..
https://www.facebook.com/groups/bwloversmyanmar/ (ဘောလီးဝုဒ်ချစ်သူများ ဆိုပြီး ရှိပါတယ်...)


လေးစားစွာဖြင့်
ကိုထွဋ်


#kohtutbollywoodmovies #mr.manjnu2019 #sita2019 #Savyasachi2019 #upcomingmovies #kohtutmovietrailers







Comments

Popular Posts