Vinaya Vidheya Rama (2019)

Vinaya Vidheya Rama (2019)
သင်ကောင်းလျှင် ရာမ မဆိုးပါ...


Ram Charan ရမ်ချရန် ရဲ့ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလကမှ ထွက်ထားတဲ့ ကားသစ်ပါ... ညီအစ်ကို မောင်နှမ အချစ်နဲ့ အက်ရှင် ရောပြွန်းထားတဲ့ ကားလေးပါ... ထုံးစံအတိုင်း ရမ်ချရန်ချရင် ကြမ်းချက်က 9+++ ပဲ...

ဇာတ်လမ်းလေးက ရှင်းပါတယ်... မိဘမဲ့ ကောင်လေး ၄ ယောက်မှာ ရရစားစား လုပ်နေရင်း လသားအရွယ်ကလေးတယောက်က သူတို့ဘ၀ထဲ ရောက်လာခဲ့တယ်... အဲကောင်လေးကပဲ နောက်ပိုင်း ညီအစ်ကိုတွေ ပြသနာတက်လိုက်တိုင်း ရောက်ရောက်လာပြီး ရှင်းပေးပါတယ်... ဘယ်အချိန်ကတည်းကလဲဆိုတော့ မူလတန်းအရွယ်လောက်ကတည်းကပေါ့...

အဲကောင်လေးကတော့ ဘယ်သူဖြစ်မလဲဆိုတာ ပြောစရာမလိုပါဘူးနော်... ငယ်ငယ်လေးထဲက "ဇ" လေး နဲ့ ကောင်ကလေးက တခွန်းပဲ ထပ်ခါထပ်ခါ ပြောနေပါတယ်... "အစ်ကိုတွေကို ကယ်တင်လိုက်တာပါတဲ့..."
ဒီတော့ FOF က တင်ပေးထားတဲ့ ကားလေးကို ကျွန်တော်က ထပ်ဆင့် ရှယ်ပေးပါတယ်... ဘာသာပြန်ထားတာတော့ နည်းနည်းလေး သည်းခံပေးပါနော်... subtitle မရှိဘဲ listening နဲ့ပဲ ဘာသာပြန်ထားလို့ပါ... ဇာတ်လမ်းအရသာတော့ မပျက်ပါဘူး...

ရုပ်ရှင်လင့် : https://www.facebook.com/kohtut.feb/videos/100372621150826/?t=8
Credit : fofmyanmar

လေးစားစွာဖြင့်

ကိုထွဋ်


#ramcharan #vinayavidheyarama2019 #bollywoodloversmyanmar






Comments

Popular Posts