#Ragoon Tamil# (2017)
{ အစဆုံး (ကြည်တောက်) စာတန်းထိုးပြည့် }

မပြောမပြီး မတီးမမည်ဘဲဗျာ... ကျွန်တော်လဲ မလုပ်ဖြစ်တော့ဘူး ထင်နေပေမဲ့ ဒီကားလေးက ကောင်းတော့ ညွှန်းရဦးမယ်ဗျာ... ပထမ ၄ဘ၀ အချစ်ဇာတ်လမ်း Anegan တုန်းကတော့ မြန်မာပြည်ပါတာ များတယ်... ဦးပိန်တံတားတို့ ပုဇွန်တောင်ဆိပ်ကမ်းတို့ နဲ့ သဘောကျနေတာ... နောက်တကား Ragoon ပဲ ဆပ်အလီခန်းတို့ကားကို မျှော်လင့်ထားတာ ရန်ကုန်ဆိုတဲ့ နာမည်သာ ပြောတယ် အခန်းတွေက ပါမှန်းတောင် သိပ်မသိလိုက်ရဘူး... အခုဒီကားကတော့ မြန်မာလို ပီပီသသ ပြောတဲ့ အခန်းကလဲ များ ရန်ကုန်ရဲ့ မြို့ထဲ ဆူးလေ တကြောရော မြန်မာရဲတွေ ပတ်တရောင်လှည့်တာ စကား ပြောတာတွေရော ဇာတ်အိမ်တည်တာကလဲ ရန်ကုန် ဒေးဒရဲ စတဲ့ မြို့တွေပါ တိတိကျကျ သေသေချာချာ ပါတော့ ကြည့်သင့်တယ်လို့ ညွှန်းချင်တယ်ဗျ... ဇာတ်လမ်းကလဲ တော်တော်လေး ကောင်းတယ်ဗျ... ဇာတ်အိမ်လေး မဆိုးဘူး...အကောင်းဆုံးကတော့ Happy Ending နဲ့ဆုံးတယ်... ဒီလိုပဲ သိမ်းသင့်တဲ့ ဇာတ်အိမ်မျိုးပါပဲ... မင်းသားတွေ မင်းသမီးတွေကတော့ အရမ်း မလှပေမယ့် ကြည့်ကောင်းကြပါတယ်... IMDb Rate 7.2/10 ဆိုတာ မနည်းပါဘူး...
ဇာတ်လမ်းအကျဉ်း
ဗန်ကတ်တို့ သားအမိ မြန်မာပြည် ရန်ကုန် ဒေးဒရဲမှာ နေတုန်း သူ့အဖေဆီကနေ အဆင်ပြေလို့ လှမ်းခေါ်လိုက်တာက စ ပါတယ်... ဒီလိုနဲ့ ဗန်ကတ်ရယ် သူ့ညီမလေးရယ် သူ့အမေရယ် ရောက်တော့ မကြာပါဘူး ဖခင်ဖြစ်သူက ငါးရောင်းရင်း လမ်းမှာ ကွန်တင်နာ တိုက်လို့ သေသွားပါတယ်... ရောက်ရောက်ချင်းပဲ အိမ်ဘေးက သူငယ်ချင်းတယောက်က မိတ်ဆက်ပေးလို့ အပေါင်းအသင်းတွေရပြီး ငယ်ပေါင်းကြီးဖော်တွေ ဖြစ်လာကြပါတယ်... နှစ်နည်းနည်းကြာလာတော့ အလုပ်လက်မဲ့ဘ၀နဲ့ ဖြစ်နေတုန်း သူငယ်ချင်းတယောက် အကူအညီနဲ့ ရွှေဆိုင်မှာ န၀လီ ၀ယ်တဲ့ လုပ်ငန်းကို ၀င်လုပ်ခဲ့ပါတယ်... သူဌေးကို ရန်ပြုတဲ့သူတွေကို ကာကွယ်ရင်း သူဌေးလူယုံဖြစ်လာခဲ့ပါတယ်... အမြင်ကျယ်ပြီး လုပ်ကွက်တွေ နားလည်လွယ်တဲ့ ဗန်ကတ်ကို သူဌေးက သဘောကျပြီး တစင်ထောင်ပေးပြီး မွေးပါတယ်... ဒါပေမဲ့ သူဌေးမှာ အကျပ်အတည်း တခုရှိနေပါတယ်... သူတို့လုပ်ငန်းရှင်တွေချည်းပဲ ထောင်တဲ့ အသင်းက ရန်ပုံငွေကို လက်ချော်ပြီး နာမည်ပျက်ရှိနေတာပါပဲ... ဒါကို ဖြေရှင်းဖို့ စင်ကာပူကနေ ရွှေတွေကို အခွန်ရှောင်သယ်ပြီး ဖြေရှင်းရင်း... ဇာတ်လမ်းလေးက ကောင်းပါတယ်... ဆုံးအောင် ကြည့်ပြီး တန်တယ်လို့ အသံထွက်မှာသေချာပါတယ်... လောကဓံရဲ့ လှည့်ဖျားမှုတွေ လူကို ပင့်လိုက် ရိုက်ချလိုက်တွေ နောက်ကျောဓားထိုးတဲ့ သင်ခန်းစာတွေကို တခါတည်း ချပြထားပါတယ်...
ရုပ်ရှင်လင့်
https://openload.co/f/Vc2WoRPwW9o/Rangoon_%282017%29720p_Tamil.mp4

မူဗွီခရက်ဒစ်: ချန်နယ်မြန်မာ

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts