#Duvvada Jagannadham (DJ)# (2017)
{ အစဆုံး (ကြည်ရန် အနည်းငယ်လို) စာတန်းထိုး ပြည့် }

အရင်ဆုံး ပြောချင်တာက ကျွန်တော် တခါမှ ဒီမင်းသား ချည်းပဲ ကား မတင်ဖူးဘူး... Dangerous မှာကတည်းက သဘောကျတယ် ဒါပေမဲ့ စာတန်းထိုး မရှိတော့ သေချာ မကြည့်လိုက်ရဘူး... နောက် ရူဒ ဒေ၀ီ အဲမှာ ပို သဘောကျသွားတယ်... နောက်တော့ Yevadu မှာ ရန်ချရမ်ရဲ့ အရင် မျက်နှာအနေနဲ့ သရုပ်ဆောင်တော့ အရမ်းသဘောကျသွားတယ်... မျက်နှာပေါက်က အထာကျတယ်... ဒါကိုမှ ရုပ်ကို တည်ချင် တည်လိုက် ဟာသလုပ်ချင်လဲ လုပ်လိုက်နဲ့ အမျိုးစုံကို ရတော့ ပိုပိုပြီး သဘောကျလာတာနဲ့ အခုလို သီးသန့်တင်တဲ့ အထိ ဖြစ်လာတာပါပဲ... ညီလေး အေးရှိုင်းအောင် ကြောင့်လဲ ပါပါတယ်...
ဇာတ်လမ်းက ငယ်ငယ်လေးကတည်းက မတရားတာဆို ကြည့်မနေနိုင်တာ... ဥပဒေက အရေးယူတာက နောက် တရားရုံးတို့ ဘာတို့နဲ့ ကြာနေဦးမယ်... ဒီတော့ ကိုယ့်ဥပဒေနဲ့ ကိုယ် တရားစီရင်ခဲ့တယ်... ဒါကို ထောက်ပံ့ပေးတာက ရဲ... အားမပေးတာက မိဘ... ဒီတော့ မိဘတွေ မျက်စိရှေ့ဆို ဘာသာရေးသမားလိုလို ရှေးရိုးပဲ ဆန်သလိုလို နဲ့ နောက်ထပ် တဖက်မှာတော့ ကြောက်စရာ အင်မတန်ကောင်းတဲ့ လက်မရွံ့ လှို့ဝှက် အထူးအေးဂျင့် ဖြစ်နေပါတယ်... အဲဒီလို ဇာတ်ရုပ် ၂ ရုပ်နဲ့ ဘယ်လို မင်းသမီးနဲ့ တွေ့မလဲ... ဇာတ်လမ်းတွေ ဘယ်လို ဖြစ်မလဲကိုတော့ ကြည့်ရှုရင်း ရယ်မောရင်း ရင်သပ်လိုက်ရအောင်ဗျာ...
ပထမက ဒီကားမှာ ခေါင်းဆောင် မင်းသမီး အနေနဲ့ ကာဂျယ်ကို သုံးမလို့ပါပဲ နောက်မှ ပူးဂျာကို သုံးဖြစ်သွားပါတယ်... ထွက်ထွက်ချင်း ၁ ပတ်တည်းမှာတင် ကုဋေ တရာကျော် ရရှိထားတဲ့ ကားပါ... IMDb Rate ကလဲ 5.4/10 ရထားတဲ့ ကားတကားပါ... ဒီကားလေးက ဂျွန် ၂၃ ကမှ ထွက်ထားတာပါ... မိသားစုနဲ့ လာကြည့်ဖြစ်တဲ့ သူ့ရဲ့ ပုံတွေလဲ တင်ပေးထားပါတယ်...

https://openload.co/f/7_Pyt5DoGKo/Dj_-Allu_Arjun.mp4

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts