#Puli# (2015)
{ အစဆုံး (ကြည်) စာတန်းထိုးပြည့် }

ပူလီဆိုတာ ကျားလို့ ဆိုလိုတာပါ... ကျားတကောင်လို သန်မာ ဖျတ်လတ်ပြီး ရဲစွမ်းတယ်လို့ ဆိုလိုချင်ပုံရပါတယ်... မင်းသားက ဗီဂျေးပါ ကျွန်တော်တခါမှ မတင်ဖူးတဲ့ မင်းသားပါ...
မင်းသမီးကတော့ ရှူတီဟာဆန်ပါ... IMDb Rate 4.8 ပဲ ရတော့ အရမ်းအောင်မြင်လှတယ်တော့ မဟုတ်ဘူးပေါ့... ဒါပေမဲ့ မြန်မာပြည်မှာတော့ တောင်းဆိုသူများလို့ ကျွန်တော် တင်ပေးလိုက်ပါတယ်...
ဇာတ်လမ်းက ထရီဗယ်ဆိုတဲ့ ရွာလေးကို စမ်းချောင်းလေးအတိုင်း ကလေးတယောက်မျောလာပါတယ်... ဒါကို ရွာလူကြီးကတွေ့ပြီး မွေးစားလိုက်ပါတယ်... ကလေးနာမည်ကိုလဲ မက်ယူဒီယမ်လိုခေါ်ပါတယ်...
သူတို့ရွာတွေကိုတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဗီသယ်လာပူရမ်က လူတွေက လာရောက်အနိုင်ကျင့် ဆက်ကြေးတောင်းကြပါတယ်... သူတို့တွေဟာ ဒေါသထွက်ရင် မျက်လုံးတွေပြာပြီး အစွယ်တွေထွက်လာတတ်ပါတယ်...
အစွမ်းလဲ အလွန်ကြီးလို့ ထရီဗယ် ရွာက အစ ရွာနီးချုပ်စပ်တွေက အကုန် ကြောက်နေရပါတယ်... မက်ယူဒီယမ်လေး အရွယ်ရောက်လာတာနဲ့ အမျှ ရွာလေးကို ကာကွယ်စောင့်ရှောက်ပါတယ်... ဒီလိုနဲ့... ....
ရုပ်ရှင်ကားလေးက ကောင်းပါတယ်... မင်းသားက ဟာသဓာတ်လဲ ရှိပုံရတယ် မပျင်းရပါဘူး... ကျွန်တော်တောင် ညွှန်းကြလို့ ကြည့်ရင်း ဇာတ်လမ်းဆုံးထိ မျောသွားပါတယ်...
သူငယ်ချင်းတို့လဲ အားပေးလိုက်ကြပါဦး... ဒီကားလေးကတော့ ကော်ပီရိုက် နည်းနည်း လွတ်မယ်ထင်တယ် ဒဲ့ တင်ပေးထားပါတယ်... လင့်ကနေ တဆင့် နှစ်သက်ရာ ပလန်နဲ့ ကြည့်ရှုနိုင်ပါပြီ...


ရုပ်ရှင်ဖေ့စ်ဘုတ်တိုက်ရိုက်လင့်
https://www.facebook.com/prettyguyy/videos/1602275393177354/

မူဗီ ခရက်ဒစ် Myanmar Subtitles

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts