အချစ်ဇာတ်လမ်းတိုင်းမှာ ဗီလိန်တယောက်ကတော့ ရှိစမြဲပါ...
{ အစဆုံး (ကြည်) စာတန်းထိုးပြည့် }
"ဖြစ်ချင်သလို မဖြစ်တဲ့ဘ၀မှာ ဖြစ်ချင်တာ ဖြစ်စမ်းကွာ" ဆိုတဲ့ စကားပါတဲ့ ရုပ်ရှင်ကို ကြည့်ဖူးကြမှာပေါ့... ဒီလိုပဲ ဘ၀မှာ အဆင်မပြေတာနဲ့ အရွဲ့တိုက်ပြီး လျှောက်လုပ်ကြရာမှာ ဗီလိန်လို့ နာမည်အတပ်ခံရတာခြင်းတူပေမဲ့ လုပ်ရပ်ကြောင့် ဘ၀တွေ ပြောင်းသွားတဲ့ အကြောင်းလေး ရိုက်ထားတာပါ...
တယောက်က အသက်ရှင်ရတာ မနှစ်မြို့ဘူး တယောက်က ရှင်သန်နေချိန် တန်ဖိုးရှိချင်တယ် တယောက်က အသက်ရှင်နေရတာ ၀န်ထုပ်ဝန်ပိုးတခုဖြစ်နေလို့ စိတ်ထွက်ပေါက်ပေးချင်တယ်... သူတို့တွေ ဆုံမိကြတဲ့ အခါမှာတော့...
အချစ်ရဆုံးတွေကို တန်ဖိုးထားတတ်တာချင်းတော့ တူပေမဲ့ ကိုယ်တန်ဖိုးထားလိုက်တဲ့ လုပ်ရပ်က တခြားတယောက်ကို ထိခိုက်သွားတဲ့အခါမှာ နဂိုကတည်းက ပေါက်ကွဲဖို့ တာစူနေတဲ့ မီးတောင်ကြီး ဘာဖြစ်သွားသလဲဆိုတာကတော့...
ဒီကားလေးက 2010 က ကိုရီးယားကား "I Saw The Devil" နဲ့ ပုံစံဆင်ပါတယ်...တထေရာတည်းကူးတယ်လို့ သူတို့ကိုယ်တိုင်ကလဲ မပြောထားတဲ့အတွက် ပုံစံဆင်တယ်လို့ပဲ ပြောပါရစေ... ဘာအရာကဆင်သလဲဆိုတော့ တခါတည်း မသတ်ဘဲ လွှတ်ပေးလိုက် နေကောင်းလောက်ပြီဆို ပြန်လိုက်သတ်လိုက်က ဆင်တာပါ...
ရုပ်ရှင်လင့်
https://openload.co/f/4s32hvUVN9c/EK_Villain_By_Bollywood_Lovers.mp4
လေးစားစွာဖြင့်
ကိုထွဋ်
Comments
Post a Comment