#Chandni Chowk To China# (2009)
ချန်ဒီချော့ မှ တရုတ်ပြည်သို့
{ အစဆုံး (ကြည်) စာတန်းထိုးပြည့် }

အရှေးကူးမားရဲ့ ဟာသသိုင်းကားလေးပါ... ဒေလီစားသောက်ဆိုင်မှာ လုပ်နေတဲ့ ဆစ်ဒူတယောက် တနေ့အောင်မြင်တဲ့ သူတယောက်ဖြစ်ရမယ်လို့ အိပ်မက်ရှိထားပါတယ်... သူ့ကို ဆေးထိုးသူကတော့ ရှေ့ဖြစ်ဟော ဆရာပါပဲ အောင်မြင်ရင်တောင် ဒီနိုင်ငံမှာ မဟုတ်ဘဲ တရုတ်ပြည်မှာ လို့ ဟောထားပါတယ်... မမျှော်လင့်ဘဲ တရုတ်ပြည်သွားဖို့ ဖြစ်လာတဲ့အခါမှာတော့... တရုတ်ပြည်ကို ရောက်ပြီး ပေါက်ကရတွေဖြစ်တာကိုတော့ ဟာသတွေ ဝမ်းနည်းစရာတွေနဲ့ ဇာတ်အိမ်ဖွဲ့ထားပါတယ်...
တရုတ်ပြည်မှာ အနည်းငယ်ရိုက်ထားပြီး ထိုင်းမှာတော့ ရိုက်ကွင်းတော်တော်များများသုံးထားပါတယ်...
ကမ္ဘာကျော် ဂရိတ်ဝေါ တံတားကြီးထဲမှာ ရိုက်ထားပါသေးတယ် တချို့သော ဆက်တင်တွေကိုတော့ ရှန်ဟိုင်းစတူဒီယိုမှာ ရိုက်ထားပါတယ်... မင်းသမီးကတော့ ဒီပီကာပါ... ဟောလီးဝုဒ်နဲ့ လက်တွဲလုပ်တဲ့ တတိယမြောက် ကားဖြစ်ပြီး Warner Bro ရဲ့ ပထမဆုံး ဟင်ဒီကားဖြစ်ပါတယ်... တချို့သော ဇာတ်ဝင်ခန်းတွေက တရုတ်ကားနဲ့ ဆင်တူတယ် ထင်ရပါလိမ့်မယ် တကယ်လဲ Khung Fu Hustle ထဲက အခန်းတွေ ယူရိုက်ထားတာပါ... အရှေးကူးမား ဒီပီကာ ပရိသတ်တွေ အကြိုက်တွေ့မယ့် ကားလေးပါပဲ... IMDb Rate ကတော့ 4/10 မို့ နည်းပေမဲ့ အရမ်းကြည့်လို့ ကားမို့ ညွှန်းပါရစေ...

ရုပ်ရှင်လင့်
https://openload.co/f/fKVUeQXFp3I/Chandni_Chowk_To_China_%282009%29.mp4

မူဗီ ခရက်ဒစ် ချန်နယ် မြန်မာ

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts