#Badrinath Ki Dulhania# (2017)
ဘဒ်ဒရီရဲ့ သတို့သမီး
{ အစဆုံး (ကြည်) စာတန်းထိုးပြည့် }

ရုပ်ရှင်ရရချင်းတုန်းက မကြည့်ဖြစ်ဖူး ညွှန်းတာတွေများ တောင်းဆိုတာများတုန်းကလဲ မကြည့်ဖြစ်ဖူး... ကြည့်တော့လဲ ကျော်ကြည့်တော့ ရသအပြည့်မခံစားခဲ့ရဘူး... ကြည့်ရင်း ကာရန်ဂျိုဟာ နာမည်တွေ့တော့မှ ဒါ ဂရုစိုက်ကြည့်သင့်တယ်ဆိုပြီး ကြည့်လိုက်တာ ဘာအလုပ်ပေါ်ပေါ် ထ မလုပ်ဘဲ တထိုင်တည်းကြည့်ဖြစ်လောက်အောင် ကောင်းတယ်ဗျ...
စစချင်းမှာပဲ သားဖွားခန်းကို ပြတယ်ဗျ... သားယောကျာင်္း ဆိုတာ နဲ့ ပိုင်ဆိုင်မှု သမီးမိန်းကလေးဆိုရင် ပေးရန်ရှိ အကြွေးဆိုပြီး သားမွေးတာကို အထွဋ်အမြတ်ထားတဲ့ ဓလေ့ကို သရော်ထားတယ်ဗျ... ပညာတွေ ကျွမ်းပြန်အောင် တတ်နေပါစေ အိမ်ထောင်ကျတာနဲ့ မိန်းကလေးတွေဟာ အိမ်မှုကိစ္စကိုပဲ ဇောက်ချလုပ်ရပြီး တတ်ထားသမျှတွေ မြောင်းထဲ ပစ်လိုက်ရတာကိုလဲ သရော်ထားပါတယ်... အဲ သတို့သားဘက်က ရွေးရင်တော့ ဘာတ်ရမယ် ညာတတ်ရမယ်ဆိုပြီး ရွေးပါသေးတယ်... ဗမာကားထဲမှာတော့ သဘောမတူတဲ့သူနဲ့ ယူမယ်ဆိုရင် မိဘဘိုးဘွားတွေ နှလုံး ရောဂါထတာကိုတော့ အိန္ဒိယမှာ သတို့သားဘက်က ဖြစ်လေ့ရှိတယ်ပေါ့...
အဲဒီလိုထဲမှာမှ ဘက်ဒရီတယောက်က စီနီယာ အကိုတော်ရဲ့ အဖြစ်အပျက်ကိုတွေ့ပြီး စိတ်ညစ်နေပါတယ်... တဘက်မှာလဲ ဗစ်ထဟီတယောက် ယုံကြည်မှု အလွဲသုံးစားလုပ်ခံရပြီး အိမ်နဲ့ အခြေအနေတွေ တင်းမာနေပါတယ်... သူငယ်ချင်းတယောက် မင်္ဂလာဆောင်မှာတွေ့ပြီး အကြွေကြီးကြွေနေတဲ့ ဘက်ဒရီက ဗစ်ထဟီ ကို ကမ်းလှမ်းရာမှာတော့ ခဲမှန်ဖူးတာရော မိဘတွေကို ယုံကြည်မှု ပြန်တည်ဆောက်ပေးဖို့ရော ရှိနေတဲ့ အတွက် ငြင်းဆန်ခဲ့ပါတယ်... နောက်ပိုင်းတွေကတော့ ဟာသ နဲ့ ဒရမ်မာရောထားတဲ့ ကားမို့ ဆက်ကြည့်လိုက်ကြပါ ခုနကပြောသလောက်ထိကြည့်ပြီးရင် ဖုန်းကို လက်ကမချဖြစ်တော့ဘူးဆိုတာ အာမခံပါတယ်...
အကြိုက်ဆုံး စကားကတော့ " ပထမက ငါ့ကိုရတဲ့ အမျိုးသမီးက အရမ်းကံကောင်းတယ်လို့ ထင်ခဲ့တာ အခုတော့ နင့်ကိုရတဲ့ ယောကျာင်္းကသာ ကံအကောင်းဆုံးပါပဲ "ဆိုတာရယ် " သားလေးမမွေးတော့ဘူး သူ့လို သမီးမျိုးပဲ မွေးမယ် "ဆိုတာတွေ အကြိုက်ဆုံး စကားတွေပဲ...

Swades ပြီးနောက် နောက်ထပ် အမျိုးသမီးတွေဘက်က ရဲရဲ ဝံ့ဝံ့ ရပ်တည်တဲ့ နောက်တကားပါပဲ... အဲကြောင့် အညွှန်းသေချာရေးမယ်ဆိုပြီး ကြာနေတာပါ... ထက်မံဖြည့်စွက်ရေးသားဖို့ ရှိပါသေးတယ်...

ရုပ်ရှင်လင့်
https://openload.co/f/95uFpPeuzD0/Badrinath.Ki.Dulhania.2017.Hindi.720.mp4

ဗီဒီယို ခရက်ဒစ် ချန်နယ်မြန်မာ

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts