#House Full 3# (2016)
{အစအဆုံး (ကြည်) စာတန်းထိုးပြည့်}

သမီးတွေကို ယောကျာင်္းမပေးစားချင်တာနဲ့ပဲ အသက်နဲ့ ခြိမ်းခြောက်တတ်တဲ့ ဖအေကို သမီးတွေ နဲ့ သမက်တွေက လက်တလုံးခြားလုပ်တာလေးကို ဟာသ အနေနဲ့ ရိုက်ထားတာပါ... နောက်ပိုင်းအခန်းတွေမှာတော့ ဘာကြောင့် မပေးစားတာလဲ??? သမီးတွေကို ချစ်လွန်းလို့လားဆိုတာကို ဇာတ်ထုပ်ပြန်ဖြည်ထားတာ ပါပါတယ်... မင်းသား၊ မင်းသမီးတွေကတော့ ရှယ်တွေကို သုံးထားပါတယ်... တချို့ Review ရေးသူတွေကတော့ ဒီကားဟာ Facebook Me Me က စကားလုံးတွေ တော်တော်ယူသုံးထားတယ်လို့ ရေးထားကြပါတယ်... အစပိုင်းကိုတော့ ရတနာတိုက်ဖောက်တဲ့ အက်ရှင်ဆန်ဆန်နဲ့ စထားပြီး နောက်ပိုင်းတွေကတော့ ဟာသတွေ နဲ့ ချည်းပါပဲ... ဇာတ်လမ်းဇာတ်ကွက်အနေနဲ့တော့ သိပ်တော့မရှိပါဘူး... ပေါ့ပေါ့ပါးပါး ရယ်မောရမယ့် ကားတကားဖြစ်ပါတယ်... ဒီအပိုင်းကလဲ နောက်ဆုံး ဖြစ်နိုင်ပြီး House Full 4 ထပ်ထွက်တော့မှာ မဟုတ်ဘူးလို့ ပြောသူတွေက ပြောကြပါတယ်... IMDb Rate 5.2/10 ပဲ ရတယ်ဆိုပေမဲ့ အမေရိကန် ဒေါ်လာ ၁၆ သန်း ရှာထားတဲ့ ကားပါ... ကျွန်တော်ကတော့ အရှေးကူးမားဆို အားပေးပြီးသားမို့ တင်ပေးလိုက်ပါတယ်...

ရုပ်ရှင်ကြည့်ရန် လင့်
https://www.facebook.com/daddy.htut/videos/1974313339465754/

ဗီဒီယို ခရက်ဒစ်: Channel Myanmar

လေးစားစွာဖြင့်
ကိုထွဋ်

Comments

Popular Posts